Friday, May 11, 2012

Registry Editorကိုပိတ်နည်း

ကလိတတ်သော သူငယ်ချင်းလေးများရှိနေလျှင်(ဆောင်းလိုပေါ့..ခစ်ခစ်) ကိုယ့်စက်ကို Registry Editor လေးကို ပိတ်ထားတာ အကောင်းဆုံးပါ...အောက်မှာ Registry Editor ပိတ်နည်းလေးကို ပြောပြပေးထားပါတယ်...

- Win key+R ကိုနှိပ်ပါ။ Run Box လေးပေါ်လာရင် gpedit.msc ကိုရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။
- Group Policy Editor လေးပေါ်လာမည်။
- User Configuration >> Administrative Templates >> System ထိရောက်အောင်သွားပါ။
- ပြီးလျှင် ညာဘက် Setting အကွက်ထဲက Prevent access to registry editing tools ကိုရှာပြီး Double Click နှိပ်ပါ။
- ပေါ်လာတဲ့ နေရာလေးမှာ Enable ကိုရွေးပြီး OK နှိပ်ပါ။
- ပြီးရင် ဖွင့်ထားတာတွေ အားလုံးကို ပိတ်ပြီး Registry Editor လေးကို ပြန်ခေါ်ကြည့်ပါ။ သူပေါ်မလာတော့ပါဘူး။
အဆင်ပြေပါစေနော်....
 
 
ဆောင်းနှင်းဖြူ

2 comments:

  1. ကျေးဇူးပါပဲအကိုရေ..နောက်လည်းတင်ပေးပါအုံးနော်...မျက်စိလည်ပြီးေ၇ာက်လာတာပါ..နောက်လည်းအမြဲလာပါမယ်.နော်..

    ReplyDelete
  2. ကျွန်တော့်ရဲ့.အီးမေးလ်.လိပ်စာက..nitarlay23@gmail.com

    ReplyDelete

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်