Friday, May 11, 2012

Ease Audio Converter (Audio Cutter)

ဆောင်း ကြိုက်တဲ့ Software လေးပါ။ သူက သီချင်းတစ်ပုဒ်လုံးမှာမှ ကိုယ်လိုချင်တဲ့အပိုင်းလေးကို ကိုယ်လိုသလို ဖြတ်ထုတ်ယူလို့ရတယ်။ Phone Ring Tone ဖြတ်ယူလို့လဲရတယ်။ နောက်ပြီး ဆောင်းတို့
ကွန်ပျူတာကို Exit Windows မှာပေါ်လာတဲ့အသံ၊ Start Windows မှာ ပေါ်လာတဲ့ Original အသံတွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ ထည့်ချင်တယ် ဆိုရင်လည်း ဒီ Ease Audio Cutter လေးကိုသုံးပြီး လိုတဲ့အပိုင်းကို ဖြတ်ယူလို့ရပါတယ်။ နောက်ပြီး Audio Recoder လဲလုပ်လို့ရတယ်.... သူ့မှာ ပြောင်းဖို့အတွက် File Format တွေလည်း စုံတယ်လေ..... စမ်းကြည့်တာပေါ့နော်....
အောက်က Software လေးကို ဒေါင်းယူပြီး Install လေးလုပ်လိုက်နော်.. ပြီးရင် Start > All Programs > Ease Audio Converter Folder ထဲမှ Ease Audio Converter ကိုရွေးနှိပ်လိုက်ပါ။ (အဲ့လမ်းကြောင်းလေးအတိုင်း ၀င်ရတာ ရှုပ်နေရင် အဲ့ဒီ Ease Audio Converter လေးကို Right Click နှိပ်ပြီး Desktop Shortcut ကိုရွေးလိုက်ပါ.. နောက်တစ်ခါ အဲ့လမ်းကြောင်းလေးအတိုင်း ၀င်စရာမလိုတော့ဘဲ Desktop ပေါ်က Shortcut လေးကိုပဲ နှစ်ချက်နှိပ် ၀င်ရုံပေါ့....)
Ease Audio Converter မှာ သုံးမျိုးတွေ့လိမ့်မယ်။ (1). Audio Converter, (2). Audio Cutter, (3). Audio Recorder ဆိုပြီး သုံးမျိုးတွေ့လိမ့်မယ်။ အဲဒီမှာ Converter ကို ဖွင့်ဖို့ Key တောင်းလိမ့်မယ်။ Keygen ထဲက ကူးထည့်ပေးလိုက်ပါ။ အောက်က ပုံလေးက Ease Audio Converter Windows လေးပါ။
Audio Cutter ကိုသုံးကြည့်မယ်နော်...
Function Menu ထဲမှ Audio Cutter လေးကို ရွေးချယ်နှိပ်လိုက်ပါ။
(၁). Select a file ဆိုတာကို တွေ့လိမ့်မယ်။ အဲ့ဒီမှာ ကိုယ်ပိုင်းဖြတ်ချင်တဲ့ သီချင်းလေးကိုရွေးပါ။ ပြီးရင် OK ပေးလိုက်ပါ။ Files of type: က MP3 File ပဲ ဖြစ်ရမှာပါ။
(၂). Output Format: မှာ MP3 ပြောင်းပါ။ Windows Sound အတွက်က wav ဖိုင် ဖြစ်ရပါမယ်။ ဖုန်းအတွက်ဆိုရင်တော့ ကိုယ့်ဖုန်းနဲ့ အသင့်တော်ဆုံး ကိုရွေးပေါ့....
(၃). Browse ကိုနှိပ်ပြီး သိမ်းမယ့် နေရာလေးကို ရွေးပေးလိုက်ပါ။ သီချင်းလေးလည်း ရွေးပြီးပြီးဆိုရင်တော့ Play Button လေးကို နှိပ်လိုက်ပါ။ သီချင်းလေးစလာလိမ့်မယ်။ ကိုယ် ဘယ်အပိုင်းကို ဖြတ်ချင်တာလဲပေါ့...
(၄). နေရာသတ်မှတ်ပေးပါ။ စမှတ် ဆုံးမှတ်တွေကို တွေ့ပါလိမ့်မယ်။ ဘယ်နားကနေ ဘယ်နားထိ ဖြတ်မလဲပေါ့။
သူ့အောက်မှာ အစမ်းနားထောင်ကြည့်ဖို့အတွက် Play Button လေးပါပါတယ်။ ကိုယ်ဖြတ်ထုတ်ချင်တဲ့ နေရာလေးရောက်ရင် Stop Button လေးကိုနှိပ်လိုက်ပါ။ ပြီးလျှင် မြားပြထားတဲ့အတိုင်း မလိုတဲ့အပိုင်းတွေကို Mouse နဲ့ Drag ဆွဲပြီး ဖြတ်ထုတ်လိုက်ပါ။ ပြီးရင် Play Button လေးကို နှိပ်ကြည့်ပြီး စမ်းနားထောင်နိုင်ပါသေးတယ်။
(၅). ကိုယ်စိတ်ကြိုက်ဖြစ်ပြီး Cut လုပ်တော့မယ်ဆိုရင် Stop Button လေးကို နှိပ်ပြီး အောက်ဘက်က Cut Button လေးကိုသာနှိပ်ပေးလိုက်ပါ။ ခဏလေးပဲကြာပြီး ဖြတ်ပြီးသားဖိုင် ရှိတဲ့ ၀င်းဒိုး ပွင့်လာပါလိမ့်မယ်။

Recorder နဲ့ Converter တွေအတွက်တော့ မပြောပြတော့ဘူးနော်.. ကိုယ့်ဘာသာ စမ်းသုံးကြည့်လိုက်ပါ... လွယ်ပါတယ်... အောက်မှာ software လေးကို
ဒေါင်းယူလိုက်ပါနော်.......အဆင်ပြေပါစေနော်.... Ease Audio Converter (Audio Cutter)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်