Friday, May 11, 2012

Computer မှာ ( 7.45 GB ) Free သုံးရန်နည်းလေးပါ....

ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား
Partation တွေကတော့ ပုံမှန်အတိုင်း Hard Disk ထဲမှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်ဗျ။
အရင်ဆုံး GMail Drive v1.0.18 ကိုအောက်မှာ နှစ်နေရာ တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချလိုက်ပါ .. ဒေါင်းလော့ ချပြီးပြီ ဆိုရင်တော့ Setup ဖိုင်လေးကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးပြီဆိုရင်တော့ My Computer ထဲက Other ထဲမှာ G-mail Drive ဆိုပြီးပေါ် နေပါလိမ့်မယ် .. ပြီးရင် အဲ့ဒီကောင်လေးကို Double Click ပေးလိုက်ပါ .. ဒါဆိုရင် G-Mail Login ၀င်ခိုင်းပါလိမ့်မယ် .. အခုကျွန်တော်တို့ အသုံးပြုမဲ့ အကောင့်သည် အကောင့် အသစ်တစ်ခုဖြစ်ရင် ပိုကောင်း ပါတယ် .. Login ၀င်ပြီးပြီဆိုရင် ခဏလေးစောင့်ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် မိမိတို့ Computer ထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခုကို Free သုံးလို့ ရသွားပါလိမ့်မယ်။
တကယ်လို့ အကောင့်အသစ် ပြောင်းချင်လို့ အရင်ဝင်ထားတဲ့ အကောင့်ကို ပြန်ထွက်ချင်တယ် ဆိုရင်တော့ ပုံမှပြထားတဲ့အတိုင်း GMail Drive ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Log Out ပေးလိုက်ယုံပါပဲ ..။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်