Friday, May 11, 2012

Online Security အတွက် သတိထားသင့်သော အချက်များ

(၁). သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-Spyware တွေ Install လုပ်ထားဖို့ လိုအပ်ပြီး အမြဲ up to date ဖြစ်နေအောင် ပြုလုပ်သင့်ပါတယ်။ Recommended ပေးထားတဲ့ Anti-Spyware တွေကို အသုံးပြုသင့်ပါတယ်။

(၂). ကိုယ်ကိုယ်တိုင်သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ ၀က်ဘ်ဆိုက်တွေကိုသာ ၀င်ရောက် ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာတွေ၊ ခေါင်းစည်း (Banner) တွေကို ကလစ်မနှိပ်မိဖို့ သတိထားပါ။
(၃).အီးမေးလ်ကတစ်ဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
(၄). သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကို အသုံးပြုပြီး သုံးစွဲသင့်ပါသည်။
(၅). ၀က်ဘ်ဆိုက်တစ်ခုဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါအောင်ရိုက်ပါ။
(၆). Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL (Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။
(၇). Phishing Emails (မေးလ်အတုများ) ကို သတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ - ဒီလင့်ခ်ကိုနှိပ်ပြီး Account Settings ကိုပြောင်းရန် အစရှိသည်အားဖြင့် ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကို မနှိပ်မိပါစေနဲ့။ သင့်ကို Spoofed Pages (Page အတု) တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်ပါတယ်။
(၈). အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ (Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ)
(၉). Internet Cafe တွေက Public Computer တွေမှာ Bank Account လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လည်း Spyware, Keystroke-Logger, Password-Sniffer တွေလိုမျိုး Software တွေ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
Ref: NetGuide Journal မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်