Friday, May 11, 2012

Desktop ပေါ်က Folder ကို Hidden မလုပ်ဘဲ ဖျောက်ခြင်း

Desktop ပေါ်မှာရှိတဲ့ ကိုယ်ဖျောက်ချင်တဲ့ Folder Name လေးကို နာမည်အရင်ဆုံးဖျောက်ပေးပါ။
- အခု Folder Name ကိုဖျောက်ချင်ရင် Keyboard မှ Alt+0160 နှိပ်ပြီး Enter ကိုနှိပ်ပါ။

- နာမည်ဖျောက်ပြီးသွားရင် Folder ပေါ် Right Click > Properties > Customize > Change icon တွေထဲမှ လွတ်နေတဲ့ icon လေးကို ရွေးလိုက်ပါ။
- ပြီးရင် Apply > OK နှိပ်။ အဲ့ဒါဆိုရင်တော့ Folder လေးက မြင်ကွင်းကနေ ပျောက်နေလိမ့်မယ်။
ပြန်ဖော်ချင်ရင်
- Desktop ပေါ်မှ icon လေးတစ်ခုကို Select လုပ်ပြီး Ctrl+A နှိပ်ပြီး အားလုံးကို Select All လုပ်ပါ။
- အဲ့ဒါဆိုရင် ခုနက ဖျောက်ထားတဲ့ Folder လေးကို တွေ့ရလိမ့်မယ်။
- Folder ပေါ် Right Click > Properties > Customize > Change icon မှာ icon တစ်ခုကို ရွေးလိုက်ပါ။
- ပေါ်လာတဲ့ Folder ကို နှိပ်ပြီး Right Click > Rename ပေးပြီး Enter နှိပ်ပါ။
အဆင်ပြေပါစေနော်...

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်