Wednesday, June 6, 2012

gtalkကိုဒီတိုင်းသုံးမယ့်အစားလွယ်လွယ်ကူကူလေးသုံးမယ်

၁။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
 ၄။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကို ပြောင်းနိုင်ပါတယ် ။
၆။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊
Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouse မလိုအောင်နော်) ။
၉။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့။ (စမ်းသပ်မကြည့်ဖူးဘူး)
၁၂။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅။Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီးပိတ်လို့ ရတယ်။
၁၆။window နဲ့ m နဲ့ က firefox ကို minimize လုပ်ထားလို့ရပါတယ်။ ပြန်ဖွင့်ချင်ရင်တော့ window shift ကိုဖိပြီး m ကိုနိုပ်ပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်