Wednesday, June 6, 2012

3d နည်းပညာ Website အညွှန်း

http://www.3d-tutorial.com
3D Tutorials ဟာ 3D နဲ့ ပတ်သက်တဲ့ သင်ခန်းစာကို ဖော်ပြပေးထားတဲ့ Website တစ်ခု ဖြစ်ပါတယ်။ 3D Studio Max, Cinema 4D, Maya, Lightwave စတဲ့ Program တွေ အပါအ၀င် အခြား Program များအတွက် သင်ခန်းစာတွေကို ဒီ Website ကနေ လေ့လာနိုင်ပါတယ်။ ဒါ့ပြင် Animation, Basic,
Compositing, Texturing စတဲ့ ခေါင်းစဉ်တွေနဲ့လည်း သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။ နောက်ပြီး သင်ခန်းစာတွေကို တခြား Site တွေနဲ့ redirect လုပ် ဖော်ပြပေးထားပြီး တစ်ဆင့်ချင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားတာကြောင့် အလွယ်တကူ လေ့လာနိုင်မှာပါ။
http://www.archive3d.net
ဒီ Website မှာ 3D Model 20,000 ကျော်ကို မှတ်ပုံတင်စရာမလိုဘဲ အခမဲ့ Download ပြုလုပ်နိုင်ပါတယ်။ Website ရဲ့ အသွင်အပြင်ဟာ ရှင်းလင်းပြီး မူလစာမျက်နှာမှာ 3D Model မျိုးစုံကို ဖော်ပြထားပေမယ့် Filter Box ကနေတဆင့် နှစ်သက်ရာ 3D Model ကိုရွေးချယ်ပြီးလည်း ရယူနိုင်ပါတယ်။ 3D Model အမျိုးအစားမျိုးစုံကို တစ်နေရာတည်းမှာ ရရှိနိုင်တာကြောင့် ဒီ Site ရဲ့ အသုံးပြုသူတွေအနေနဲ့ စိတ်ကျေနပ်မှုများ ရရှိစေမှာဖြစ်ပါတယ်။
http://www.evermotion.org
ဒီ Site ဟာ Computer Graphic ပညာရှင် (CG Artist) တွေအနေနဲ့ 3D ပုံရိပ်များကို ဖန်တီးရာ ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာများကို ထောက်ပံ့နိုင်ဖို့ ဖန်တီးပေးထားတဲ့ Website ပါ။ 3ds max, maya, photoshop, lightwave စာတာတွေအတွက် နောက်ဆုံးပေါ် Model တွေနဲ့ Texture တွေကို ဖော်ပြပေးထားပြီး ဒါတွေကို အခမဲ့ Download လုပ်နိုင်ပါတယ်။ Download လုပ်ဖို့အတွက် Website မှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။
http://www.3dlinks.com
3d links site ဟာ 3D နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ 3D Software တွေ၊ 3D Plug-in တွေ၊ 3D Books တွေ၊ 3D Hardware တွေနဲ့ 3D သင်ခန်းစာတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတဲ့ Site တစ်ခုပဲဖြစ်ပါတယ်။ သင်ခန်းစာတွေမှာ 3Ds Max, Blender, Cinema 4D, Maya, Lightwave စတဲ့ Program အပါအ၀င် တစ်ခြား Program များစွာရဲ့ သင်ခန်းစားများကိုပါ ဖော်ပြပေးထားပါတယ်။
http://www.3d-resources.com
ဒီ Site ကတော့ 3D နဲ့ ပတ်သက်တဲ့ လိုအပ်ချက်မှန်သမျှကို ရှာဖွေရရှိနိုင်စေမယ့် Site တစ်ခုဖြစ်ပါတယ်။ 3D Program များဖြစ်တဲ့ 3d Studio Max, Bryce, Cinema 4D, ZBrush, Milkshape နဲ့ Light-wave 3D တို့ရဲ့ သင်ခန်းစာတွေကို ဖော်ပြပေးထားတဲ့အပြင် 3D Model များနဲ့ 3D Texture တွေကိုပါ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် 3D နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုတဲ့ မေးခွန်းများကိုလည်း Email မှတဆင့် မေးမြန်းနိုင်ပါတယ်။
Ref: Internet Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်