Tuesday, May 1, 2012

Windows ကို Repair လုပ်ကြမယ်.........!

ကျွန်တော်ဒီနေ့တော့ Windows Repair လုပ်နည်းလေးကိုပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်..။ကျွန်တော်
အရင်တင်ခဲ့ဖူးတဲ့ ကွန်ပျူတာကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်သောနည်းလမ်းများ ထဲမှာလဲဒီနည်း
လေးကိုရေးပေးခဲ့ပြီးပါပြီ..။ဒါပေမယ့်အကြမ်းဖျဉ်းလောက်ပဲပြောသွားခဲ့တာဖြစ်တဲ့အတွက်ကွန်ပျုတာကိုစ
တင်လေ့လာခါစသူတွေအတွက်အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးဒီပို့ဒ်လေးကိုတင်ပေးလိုက်တာ
ပါ..။ဒီနေရာမှာကျွန်တော်တို့ဘာကြောင့် Windows Repair လုပ်သင့်လဲဆိုတာကိုအကြမ်းဖျဉ်းလေးပြောပြ
ပေးပါမယ်..။ကျွန်တော်တို့ကွန်ပျူတာကိုသုံးတဲ့အခါမှာအသုံးပြုရတာကြာလာတာနဲ့အမျှမိမိတို့ကွန်ပျူတာရဲ့
Registry , System ပိုင်းတွေမှာ Error တွေတက်လာတာနဲ့အမျှကွန်ပျူတာကိုသုံးရတာအရင်လိုစိတ်တိုင်းကျ
မှာမဟုတ်တော့ပါဘူး..။ကျွန်တော်ဆိုလဲအမြဲတမ်းကြုံပါတယ်..။တစ်ခါတစ်လေဘယ်ကနေဘယ်လိုအဖြေရှာ
ရမှန်းကိုမသိတော့ပါဘူး.။
ဒီလိုမျိုးတွေကြုံလာပြီဆိုရင်ဒီတိုင်းပဲစိတ်ညစ်ခံပြီးဆက်သုံးမလား? ဒါမှမဟုတ် Windows အသစ်ပဲပြန်တင် မလား ..?
ဘာမှလုပ်စရာမလိုပါဘူး..ကျွန်တော်အခုပြောတဲ့နည်းလမ်းလေးအတိုင်း Windows ကို Repair ပြန်လုပ်
ပေးလိုက်ပါ..။ဒါဆိုရင်တော်ရုံတန်ရုံ Error တွေလောက်ကိုအဆင်ပြေသွားစေပါလိမ့်မယ်..။ Repair ပြန် လုပ်ပြီးပြီဆိုတာနဲ့Windows ကိုအရင်တုန်းကလိုပုံမှန်ပြန်သုံးလို့ရသွားပါလိမ့်မယ်..။ဒီနေရာမှာကျွန်တော် တစ်ချက်ပြောချင်တာကတစ်ချို့ကကွန်ပျုတာကိုကိုင်ပဲကိုင်တယ်ဘာဆိုဘာမှကိုမလုပ်ရဲကြပါဘူး..။ ကျွန်တော်တို့ကိုယ်တိုင်လဲကြုံဖူးခဲ့ပါတယ်..။ဒါလေးသွားလုပ်လိုက်ရင်များစက်များတစ်ခုခုဖြစ်သွားမလား ၊ ပျက်များသွားမလားဆိုတာမျိုးတွေဖြစ်ခဲ့ဖူးပါတယ်..။ဒါပေမယ့်တကယ်တမ်းစက်ပစ္စည်းဆိုတာကြောက်စရာ မဟုတ်ပါဘူး.။ဘယ်အရာမဆိုမလုပ်ပဲနေရင်သာဘာမှမသိတာပါ..။ဒါလေးကိုလုပ်ကြည့်လိုက်
လို့ဒါကဒီလိုရှိပါလား ၊ နောက်ထပ်ဘယ်လိုနည်းလမ်းနဲ့ဆိုရင်ဘာဖြစ်နိုင်မလဲဆိုပြီးတစ်ဆင့်ဆင့်ချင်းလုပ်
ကြည့်ရင်းနဲ့ကွန်ပျူတာဆိုတာကြောက်စရာမဟုတ်ပါဘူးဆိုတာမျိုးဖြစ်စေချင်ပါတယ်..။ကျွန်တော်ကိုယ်တိုင်
လဲကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ၊ ကိုသိထားတာလေးတွေထက်အားလုံးကိုပိုပြီးသိစေချင်တက်
စေချင်တဲ့ဆန္ဒအမြဲရှိပါတယ်..။ဒါကြောင့်ကျွန်တော်တင်ခဲ့တဲ့ပို့ဒ်တွေမှာဘယ်နည်းလမ်းလေးကိုဘယ်လိုအသေး
စိတ်လေးရေးရင်တော့ပိုပြီးနားလည်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပဲအမြဲလုပ်ခဲ့ပါတယ်..။ဒါကြောင့်အခု Repair
လုပ်နည်းလေးကိုသိပြီးဆိုတာနဲ့ချက်ချင်းလုပ်ကြည့်လိုက်ပါ..။အော်ဒါကဒီလိုလုပ်ရတာပါလားဆိုတာသိသွား
ရင်နောက်ဘယ်ချိန်ပြန်လုပ်လုပ်မမေ့တော့ပါဘူး..။အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ Windows Repair လုပ်တယ်
ဆိုတာဘာမှန်းမသိသေးတဲ့သူတွေအတွက် Repair လုပ်နည်းလေးကိုသေသေချာချာရှင်းပြပေးထား
ပါတယ်..။
အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာကို Restart ချလိုက်ပါ..။ပြီးတာနဲ့ကီးဘုတ်မှ F8 ကီးကိုအဆက်မပြတ်နှိပ်ထား
လိုက်ပါ..။ဒါဆိုရင် Advance Boot Options ထဲကိုရောက်သွားပါလိမ့်မယ်..။
မိမိတို့က Administrator Password ပေးမထားရင် Password
ထည့်ပေးစရာမလိုပါဘူး..။
Restart ပေးပြီးပြီဆိုရင်တော့ Repair လုပ်ငန်းစဉ်ပြီးဆုံးပါပြီ..။ဒီလောက်ဆိုရင်တော့
Windows Repair လုပ်ခြင်းနဲ့ပါတ်သတ်ပြီးအတန်အသင့်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်..။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည် တင်ပြသည်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်