Tuesday, May 1, 2012

အရေးကြီးသော Drive ကိုဖျောက်နည်း

Windows အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဖိုင်တွေအားလုံးကို partition တစ်ခုမှာ ထည့်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဓိကပြောချင်တာကတော့
Partition လေးပိုင်း ပိုင်းထားတယ်ဆိုပါစို့။ ကိုယ်က တစ်ပိုင်းကို hide လိုက်တဲ့အခါမှာ စက်ကိုအခြားသူတွေအမြင်မှာ Partition သုံးပိုင်းပဲ တွေ့ရတော့မယ်။ Software အသုံးပြုတာထက် ပိုမိုလုံခြုံစေတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ကွန်ပျူတာကို ဘာပြဿနာမှ မဖြစ်ပေါ်စေပါဘူး။ ဖျောက်ထားတဲ့ partition ကို ကိုယ့်စက်လာသုံးတဲ့သူ သိစေနိုင်မှာ မဟုတ်ပါဘူး။
ပြုလုပ်ရမယ့် နည်းလမ်းလေးကတော့................
1. Start >> Run >> gpedit.msc လို့ရိုက်ပြီး Enter နှိပ်ပါ။
2. User Configuration >> Administrative Templates >> Windows Components >> Windows Explorer ကို သွားလိုက်ပါ။ ပြီးရင် Windows Explorer ကို ရောက်တာနဲ့ Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။ Hide these specified drives in My Computer ကိုရှာပြီး Double Click နှိပ် ဖွင့်လိုက်ပါ။
3. Hide these specified drives in My Computer ကို Double Click ပေးလိုက်ပါ။ ပြီးတာနဲ့ အောက်မှာတွေ့ရတဲ့အတိုင်း Enable ကို အမှန်ခြစ်ပေးလိုက်ပါ။ Option အောက်ကအကွက်မှာ မိမိက partition အားလုံးကို ဖျောက်မှာလား တစ်ခုကိုပဲ ဖျောက်မှာလားဆိုတာ တွေ့နိုင်ပါတယ်။ D:partition တစ်ခုကိုပဲ ဖျောက်မယ်ဆိုရင်တော့ Restrict D Drive only ကိုပဲ ရွေးလိုက်ပါတယ်။ Apply ကိုနှိပ်ပြီး OK ပေးလိုက်ပါ။ My Computer ဖွင့်ပြီး ကြည့်လိုက်ပါ။ မိမိဖျောက်လိုက်တဲ့ Drive ကိုမတွေ့နိုင်တော့ပါဘူး။ တကယ်လို့ ပြန်ဖော်ချင်ရင် Not Configured ကို အမှန်ခြစ် ပြန်ပေးလိုက်ပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်