Tuesday, May 1, 2012

ပိတ်ထားသမျှကို Notepad လေးနဲ့ ကျော်မယ်

တစ်ခါတစ်ရံ Internet ဆိုင်တွေမှာ cmd (Command Prompt) တို့ (Registry) တို့ ပိတ်ထားတာမျိုး တွေ့ဖူးကြမှာပါ။ အဲ့လို အဖြစ်အပျက်လေးတွေ ဖြစ်လာချိန်မှာ Notepad ဆိုတာလေးကို
သုံးပြီးတော့ လိုအပ်တာလေးကို ဖွင့်လို့ရပါတယ်။
အရင်ဦးဆုံး အနေနဲ့ Run Box ထဲမှာ Notepad ကိုရိုက်လိုက်ပါ။ ပြီးရင် Enter နှိပ်လိုက်ရင် Notepad window လေး ပေါ်လာမှာပါ။ အဲဒီ Notepad ထဲမှာ စာရိုက်ထည့်ချင်လည်း ရိုက်ထည့်လို့ရတယ်။ မထည့်ချင်ဘူး ဆိုရင်လဲ ရပါတယ်။
ပြီးရင် အဲဒီ Notepad လေးကို cmd.exe ဆိုတဲ့ exe file လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒီ File လေးပေါ်မှာ Right Click > Properties ထဲကို ၀င်လိုက်ပါ။ ပြီးရင် Program Tab ထဲကို သွားပါ။
cmd line ဆိုတဲ့ အကွက်လေးထဲမှာ ''C:\Documents and Settings\Administrator\Desktop\cmd.exe'' ဒီလိုလင့်မျိုးတွေ့လိမ့်မယ်။ အဲဒီမှာ C:\\WINDOWS\System 32\Command.com လို့ ပြောင်းရိုက်လိုက်ပါ။ ဒါက cmd ကိုယူတာပါ။ cmd ဆိုတာ command Prompt ကိုပြောတာပါ။
တစ်ကယ်လို့ Registry ကိုလိုချင်ရင် C:\Windows\regedit.exe လို့ပြောင်းရေးလိုက်ပါ။ ရေးပြီးရင်
Apply > OK ဆိုတာနဲ့ နာမည်တူ shortcut တစ်ခုပေါ်လာလိမ့်မယ်။ အဲ့ဒီပေါ်လာတဲ့ shortcut လေးတွေ ဖွင့်ကြည့်လိုက်ပါ။ အဲ့ဒါဆိုရင် အလုပ်လုပ်နေပါပြီး။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်