Tuesday, May 1, 2012

Software မပါဘဲ Folder တွေကို Hide လုပ်မယ်

တစ်ခါတလေ သူများကို မပြချင်တဲ့ ဖိုင်တွေကို ၀ှက်ထားတဲ့အခါ ဒီနည်းကို ဆောင်း သုံးပါတယ်။
သေသေချာချာ လိုက်လုပ်ကြည့်ပါနော်။ သိထားပြီးတဲ့ ဘော်ဘော်တွေအတွက်ကတော့ ဆောရီးပါနော်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ။ :D :D
ပထမဦးဆုံး...
 Drive>>D: လေးမှာ Folder လေးတစ်ခု အရင်ဆုံး တည်ဆောက်ပါ..
ပြီးရင် Folder နာမည်လေးပေးလိုက်ပါ...(eg., saung)
ဒါဆိုရင် ဆောင်းတို့ Folder လေးသိမ်းထားတဲ့ တည်နေရာက Drive>>D: ပေါ့...
(Folder ဖျောက်ခြင်း)
Start >> Run (or) winkey + R ကိုသွားပါ။
Attrib +s +h D:\saung လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။
ပြီးရင် ခုနက သိမ်းထားခဲ့တဲ့ Drive>>D: နေရာလေးမှ ကိုယ့် Folder လေးကိုပြန်ကြည့်လိုက်ပါ။ ရှိတော့မှာ မဟုတ်ပါဘူး။ ပြန်ဖော်ချင်တယ်ဆိုရင်တော့.......
(Folder ဖော်ခြင်း)
Start >> Run (or) winkey + R ကိုသွားပါ။
Attrib -s -h D:\saung လို့ရိုက်ပြီး Enter နှိပ်ပါ။
အလွယ်လေးပါနော်...အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်