Wednesday, June 6, 2012

Facebook မှာ ထပ်ဖြည့်သုံးနိုင်သော Application များ

Facebook ထဲမှာ Application များ အသင့်ပါပြီးဖြစ်သည်။ Status Update လုပ်ခြင်းသည်လည်းကောင်း၊ Link Share ပေးခြင်းသည်လည်းကောင်း၊ အသင့်ပါပြီးသော Application တစ်ခုကို အသုံးပြုလိုက်ခြင်းမည်ပါသည်။ သို့သော် Facebook အသုံးပြုသူများသည် အသင့်ရှိပြီး Application များကိုသာ လွယ်လင့်တကူသုံးတတ်ကြပါသည်။ Application များရှာဖွေ၍
ထပ်ထည့်ခြင်းအလွန်နည်းပါးပါသည်။ ယင်း Application များ ထပ်ထည့်အသုံးပြုခြင်းသည် Facebook ကိုပို၍ အားကောင်းစေပါသည်။ Browser တွင် Plug-in များထပ်ချိတ်၍ အသုံးပြုသကဲ့သို့ ဖြစ်ပါသည်။
Application ဟုခေါ်သော ခေါင်းစဉ်အောက်၌ Application နှင့် Game များကို စာမျက်နှာတစ်ခုတည်းအောက်တွင် ရောနှော၍ ထည့်သွင်းထားပါသည်။ Home Page ၏ Game and application နေရာတွင် Left Click နှိပ်ပြီး Application နှင့် Game Directory နေရာသို့ ၀င်ရောက်နိုင်ပါသည်။ Application ဟူသော Tab ကိုရှာပြီး Right Click နှိပ်ခြင်းအားဖြင့် Application များကို မြင်တွေ့နိုင်ပါသည်။ အကယ်၍ Application အမည်ကို တိုက်ရိုက်သိလျှင် Facebook Home Page ဖွင့်စဉ်တွင် တွေ့ရသော Search Box တွင် Game အမည်ကို ရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။
အကယ်၍ မိတ်ဆွေသူငယ်ချင်းများက သူတို့သုံးသော Application များနှင့် Game များ အားကစားကြည့်ရန် မိမိကိုပန်ကြားလာခဲ့သည်ရှိသော် ယင်းနေရာမှနေ၍လည်း သုံးနိုင်ပါသည်။ သူတို့ သုံးစွဲရခြင်းအကြောင်းကိုလည်း သိနိုင်ပါလိမ့်မည်။ Browser Search Box တွင် www.facebook.com/Apps ရိုက်ထည့်ပြီးလည်း Application များရှိရာသို့ တိုက်ရိုက်သွားရောက် နိုင်ပါသည်။ Facebook သည် Third-Party Application Developer တို့အား Facebook Platform ထဲသို့ ၀င်ရောက်ချိတ်ဆက်နိုင်ရန် ခွင့်ပြုထားခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် Third-party application များရာနှင့်ချီ၍ Directory ထဲတွင် တွေ့မြင်နေရခြင်းလည်း ဖြစ်ပါသည်။ Program ဘာသာစကား တတ်ကျွမ်းပြီး Software ရေးနိုင်သူ မည်သူမဆို Facebook တွင် Application များဝင်ရောက် ရေးသားနိုင်ပါသည်။
Facebook Account တစ်ခုအတွက် Directory ထဲတွင် ပေးထားသော Application များ (Game များအပါအ၀င်)ကို မိမိဆန္ဒရှိသလောက်ထည့်သွင်းနိုင်ပါသည်။ သို့သော် မိမိ၏ Facebook Profile Data များအား Application က ရယူအသုံးပြုမည်ဖြစ်၍ Authorization ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အဆိုပါ Application များသည် စွန့်ပယ်ခြင်းမပြုသရွေ့ကာလပတ်လုံး Facebook Account ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေပါလိမ့်မည်။ နေရာအတော်များများတွင် ယင်း application တို့သည် ယင်းတို့နှင့်ပတ်သက်၍ မိမိ၏လုပ်ဆောင်ချက်များကို Profile Page နှင့် Newsfeed များပေါ်တွင် ထုတ်ပြန်ဖော်ပြပါမည်။ သို့ဖြစ်ရာ မိမိသည် မည်သည့် Application များကို သုံးနေသည်ကို သူငယ်ချင်းများပါ သိရှိပြီး သူတို့ပါလိုက်၍ သုံးစွဲချင်စိတ်ပေါ်လာပါမည်။ Facebook ပေါ်မှ application များသည် တစ်ဦးသုံးစွဲမှုကို ကျန်သူများက မြင်တွေ့ပြီး လိုက်လံသုံးစွဲသော သဘောသဘာဝ (Viral nature) ရှိသောကြောင့်ဖြစ်သည်။
မိမိထပ်မံထည့်သွင်းလိုက်သော Application တစ်ခုခုသည် အမှန်တစ်ကယ် အသုံးများမည်ဟုဆိုလျှင် မိမိ၏ Profile Page ထဲတွင် သီးခြား Tab တစ်ခုအဖြစ် ထားနိုင်ပါသည်။ မိမိအလိုရှိသည့်အခါ အလွယ်တကူလှမ်း၍ ယူနိုင်စေရန်ဖြစ်သည်။ အချို့သော Application များကမူ မိမိ၏ Profile Page ထဲတွင် ယင်းတို့၏ သီးခြား Box များဖြင့် လာရောက်နေရာယူပါမည်။ ဥပမာအားဖြင့်ဆိုသော် Birthday Calendar ကဲ့သို့သော Application မျိုးဖြစ်ပါသည်။ Application များနှင့်ပတ်သက်ပြီး သတိပြုသင့်သည့်အချက်မှာ ယင်းတို့အား မိမိ၏ Profile ကိုအသုံးပြုခွင့် ပေးလိုက်ချိန်တွင် မိမိ၏ သတင်းအချက်အလက်များသာမက သူငယ်ချင်းများ၏ သတင်းအချက်အလက်များကို အသုံးပြုခွင့်ရသွားပြီး Story များအနေဖြင့် အချိန်မရွေး ထုတ်ပြန်နိုင်ခြင်းမျိုးရှိပါသည်။ မိမိသည် သာမန်လူတစ်ယောက်ဖြစ်ပါက ကိစ္စမရှိပါ။ နာမည်ကျော် လူသိများသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့လျှင်မူ ယင်းကိုသတိပြုရပါမည်။ ထို့ကြောင့်ပင်လျှင် Facebook ပေါ် ၌ Personal Information များ လိုသည်ထက်ပို၍ ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ သို့တည်းမဟုတ် Application ၏ Setting မှနေ၍ ယင်းအားခွင့်ပြုမှု အတိုင်းအတာကို ကန့်သတ်လျှော့ချနိုင်ပါသည်။
၂၀၁၂ ဧပြီလအတွင်း တွေ့ရှိရသော အနေအထားအရ Directory သည် Application နှင့် ဂိမ်းများကို ရောနှောထားပြီး ဂိမ်းအများစုကြီးစိုးလာသည်ကို တွေ့ရပါသည်။ ဂိမ်များထဲတွင် Angry Bird လိုခပ်ရွယ်ရွယ်ဂိမ်းမျိုးမှသည် EA မှထုတ်လုပ်သော Fifa Superstar Football ဂိမ်းကြီးများအထိ ပါဝင်လာပါသည်။ Directory အတွင်းသို့ ရောက်ရှိသည့်အခါ Apps and Games ခေါင်းစဉ်အောက်တွင် Top Apps ဟူသော Tab တစ်ခုတွေ့ရပါမည်။ ယင်းကို Left Click နှိပ်လိုက်လျှင် ရရှိနိုင်သော Apps List ကျလာပါမည်။
၂၀၁၂ ဧပြီလအတွင်းတွင်ရှိနေသော Application များမှာ Norton Safeweb, Status Shuffle, God wants you to know, Skype, Sound Cloud, picnik, pizap, Photo Editor, Astrology, Wattpad, Spotify, Muzy.com, My mood, Daily Bible Quotes, Path, The mood weather reports, Steam, Baby gaga, Couchsurfing, Stumbleupon, Castieville Bonus, Someecards, God's daily message, Daily Horoscope, Meetup စသည်တို့ဖြစ်ပါသည်။ Facebook ၏ အစောပိုင်းကာလများတွင် ပါဝင်ခဲ့သည့် The Guardian, Washington post social reader, Graffiti စသည့် Application များမပါတော့ကြောင့် ၀မ်းနည်းဖွယ်တွေ့ရှိရပါသည်။ Facebook ထဲမှာ ဓါတ်ပုံတစ်ခါတည်း တည်းဖြတ်လိုလျှင် Picnik နှင့် Pizap Photo Editor တို့က အသုံးတည့်ပါမည်။ Story sharing အတွက် walt pad ကို သုံးနိုင်ပြီး status message များဖတ်လိုလျှင် Status shuffle က အသုံးတည့်ပါမည်။ ဗေဒင်ဝါသနာအိုးများအတွက် Astrology နှင့် Daily Horoscope တို့ကစောင့်ကြိုနေပါမည်။
Application များသုံးစွဲရန်မှာ ခက်လှသည်မဟုတ်ပါ။ အကယ်၍ မိမိ၌ သူငယ်ချင်းအတော်များများရှိပြီး သူတို့က ဂိမ်းနှင့် application များထည့်သွင်းအသုံးပြုရန် ၀ါသနာထုံသည်ဟုဆိုလျှင် မိမိ၏ Home Page တွင်ရှိသော request area တွင် application request များလာပြလေ့ရှိပါသည်။ အကယ်၍ application request တစ်ခုရလာပြီဆိုလျှင် request နေရာ၌ Left Click နှိပ်ခြင်းဖြင့်သော်လည်းကောင်း၊ see all ကို Left Click နှိပ်ခြင်းဖြင့်သော်လည်းကောင်း request page တစ်ခုလုံးကို မြင်တွေ့ရပါမည်။ မိမိအနေဖြင့် Join, accept, participate တစ်ခုခုကို ရွေးချယ်ပြီး လက်ခံနိုင်သလို ignore ကိုရွေးချယ်ပြီးလည်း ငြင်းပယ်နိုင်ပါသည်။
မိမိဘာသာသွားမည်ဆိုလျှင် Home Page ဘယ်ဘက်ခြမ်းရှိ Game and Application နေရာတွင် နှိပ်ပြီး directory ထဲဝင်ကာ Install လုပ်ရပါမည်။ ယင်းစာမျက်နှာတွင် Application တစ်ခုစီအကြောင်း အကျဉ်းဖော်ပြထားပြီး ညာဘက်ဘေးတွင် View app စာသားကိုလေးထောင့်ကွက်ဖြင့် တွေ့ရပါမည်။ ယင်းနေရာတွင် Left Click နှိပ်ပါ။ သက်ဆိုင်ရာ Application ၏ Page သို့ရောက်သွားပါမည်။ အပေါ်ညာဘက်တွင်မြင်နေရသော Go to App နေရာတွင် Left Click နှိပ်ပါ။ ထိုအခါ Request Permission Dialogue Box ပေါ်လာပါမည်။ Application အား မိမိ၏ wall တွင် ရေးလိုရာ ရေးသားနိုင်ရန် ခွင့်ပြုသည့်သဘော၊ မိမိထံ email ပို့ခွင့်ပြုသည့်သဘောဖြစ်ပါသည်။ မိမိအတွက်သာမက မိမိနှင့်ပတ်သက်သော သူငယ်ချင်းများအတွက်ပါ ခွင့်ပြုပေးရခြင်းလည်းမည်ပါသည်။ ယင်း Box အောက်၏အောက်ဘက်မှ Allow တွင် Left Click နှိပ်ပါ။
နောက်တစ်ဆင့်သည် application ကိုအမှန်တကယ် Install လုပ်သည့်အဆင့်ဖြစ်ပါသည်။ Installation Wizard ကခိုင်းစေသည်များကို အလိုက်သင့် လုပ်ဆောင်ပေးသွားရန်လိုအပ်ပါသည်။ ယင်း Application သည် Home Page ၏ application ခေါင်းစဉ်အောက်တွင်ပေါ်နေပါမည်။ Left Click နှိပ်၍ အသုံးပြုနိုင်ပါသည်။ အသုံးမပြုတော့၍ ဖျက်ထုတ်လိုသည်ဆိုပါက Hoem Page ထဲဝင်၍ application တွင် left click နှိပ်ပါ။ Install လုပ်ထားသော application များ ညာဘက်အကွက်ထဲတွင် ပေါ်လာပါမည်။ သက်ဆိုင်ရာ application ၏ ညာဘက်ခဲတံနေရာတွင် left click နှိပ်ပါ။ Dialogue Box တစ်ခုကျလာပါမည်။ Remove App ဆိုသောနေရာတွင် left click နှိပ်ပါ။ Remove ကိုအတည်ပြုခိုင်းသော နောက်ထပ် Dialogue box တစ်ခုထပ်ကျလာပါမည်။ Remove တွင် left click ထပ်နှိပ်ရုံသာ ဖြစ်ပါသည်။ မိမိကိုယ်တိုင်ထည့်သွင်းထားသော App များကိုသာ ဖယ်ထုတ်၍ ရနိုင်ပြီး Facebook ၌ default ပါဝင်သော App များကို ဖယ်ထုတ်၍မရပါ။
(Facebook သည် တစ်နှစ်တစ်ကြိမ်လောက် ပြောင်းလဲနေသည်ဖြစ်၍ App List သည် အမြဲတစေ အတိုးအလျော့ရှိနိုင်ပါသည်။)
Ref: NetGuide Journal

1 comment:

  1. အကို ကျနော် fb wall ကိုဘယ် သူတွေ ၀င်ကြည့်သွားလဲဆိုတာ သိနိုင်မလား ဗျာ...ကျတော် လိုက်ရှာနေတာ အ၇မ်းကြာပါပြီ သိရင် ကူညီပြီးပြောပြပေးပျါေနာ်...ကျေးဇူး အရမ်းတင်ပါတယ်.. အကို

    ReplyDelete

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်