Wednesday, June 6, 2012

ကိုယ့်ကွန်ပျူတာမှာ Virus ၀င်နေပြီဆိုတဲ့အကြောင်းကို ဘယ်လိုသိနိုင်မလဲ

သင့်ကွန်ပျူတာမှာတင်ထားတဲ့ AntiVirus က မနိုင်နင်းနိုင်တဲ့ Virus တစ်မျိုးမျိုးဝင်ရောက် နေတာကို သိနိုင်တဲ့ နည်းလမ်းတချို့ရှိပါတယ်။
- Hard Disk ရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို သတိထားပါ။
 သင့် hard disk ရဲ့လုပ်ဆောင်ချက်တွေမှာ ရှင်းပြလို့မရတဲ့ ထူးထူးဆန်းဆန်း လုပ်ဆောင်မှုတွေ ပြသလာပြီဆိုရင် သတိထားကြည့်ပါ။ Hard Disk ကနေ အသံကြားရသလား။ Hard Disk အသံပိုကျယ်လာသလား စသဖြင့်ပေါ့။ PC ရဲ့ Disk Access မီးသီး (LED) နဲ့ Network Access ကိုလည်း ကြည့်ပါ။ Network Connection မရတာတွေ၊ Hard Disk လုပ်ဆောင်မှုမရတာတွေက Virus စတင်ကြောင်း သတိပေးတဲ့ အရိပ်အမြွက်ပါ။
System Tray ထဲက Windows XP မှာ icon ထည့်ခြင်းအားဖြင့် သင့် Network Connection ကိုသုံးပြီး ဘယ်အချိန်မှာ ဘယ် Program တွေမှာ Run တယ်ဆိုတာ ပြသပေးနိုင်ပါတယ်။ စတင်လုပ်ရမှာက
Start ထဲက Control Panel ဆီသွားပါ။
--> ပြီးရင် Network Connection ကို Right Click နှိပ်ပါ။
--> Properties >> Show icon in notification area when connected ကို check လုပ်ပြီး Ok နှိပ်ပါ။
--> ပြီးရင် Antivirus software ကို Update ဖြစ်အောင်တင်ပါ။ နေ့တိုင်း Update လုပ်ပြီး သင့် PC ကို Scan ဖတ်ပါ။
သင့် ကွန်ပျူတာကို Scan ဖတ်နေချိန်နဲ့ Download လုပ်နေချိန်မှာ Standby modes (or) Power off လုပ်ပေးပါ။
နောက်တစ်နည်းကတော့ ကာကွယ်ရေး ၃ ဆင့်နည်းလမ်းပါ။
ပထမအဆင့် - ကွန်ပျူတာမှာ Virus စတင်ဝင်ပြီးထင်တာနဲ့ ဘယ်ကွန်ပျူတာနဲ့မှ Shareing လုပ်မသုံးတော့ဘဲ Internet Connection ပါဖြတ်တောက်လိုက်တာပါ။
ဒုတိယအဆင့် - Open, Close, Save စတာတွေ ဘာတစ်ခုမှ မလုပ်ဘဲ Windows လည်းမချဘဲ PC ကိုသာ ပိတ်လိုက်ပြီး Virus ပွားတာကို Block လုပ်ထားပါ။
တတိယအဆင့် - Backup လုပ်ဖို့ CD တစ်ချပ်နဲ့ recovery ယူထားရမှာပါ။ အကောင်းဆုံး Antivirus ဆိုရင် Recovery ယူနိုင်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်