Tuesday, March 19, 2013

LG Nexus 4 ကို Root လုပ်နည်း


LG Nexus 4 ဖုန်းကို root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ ဒီနည်းနဲ့ကိုယ်တိုင်လုပ်ဆောင်ကြည့်တာအဆင်ပြေတာကြောင့် အခုပြောထားတဲ့ step တွေအတိုင်းလုပ်ဆောင်မယ်ဆိုရင် မိမိတို့ရဲ့ LG Nexus 4 ကို root process အဆင်ပြေစွာပြုလုပ်နိုင်မှာပါ။
-အရင်ဆုံး ဖုန်းကို USB Debugging Enabled လုပ်ထားရပါမယ်။ Setting > Developer Option ထဲကိုဝင်ပြီး USB Debugging Setting ကို On ထားပြီး USB Debugging ကိုအမှန်ခြစ်
-root မလုပ်ခင်မှာ အရင်ဆုံး LG ဖုန်း driver ကိုကွန်ပျူတာမှာအရင် install လုပ်ထားရပါမယ်။
LG ဖုန်း driver အားရယူရန်

- driver ကိုကွန်ပျူတာမှာ install လုပ်ပြီးပြီဆိုရင်တော့ ဖုန်းကို root ဖို့လိုအပ်တဲ့ tools ကိုရယူပါ။
- ဖုန်းကို Fastboot mode ထဲဝင်ရပါမယ်။ Fastboot mode ထဲဝင်ဖို့အတွက်ဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးရင် Volume Down (-) ခလုတ်နဲ့ Power ခလုတ်နှစ်ခုကိုတစ်ပြိုင်တည်းတွဲနှိပ်ထားပါ။ အောက်ပုံထဲကအတိုင်း Start Message အကြီးနဲ့ ပေါ်လာပြီဆိုရင် ခလုတ်နှစ်ခုနှိပ်ထားတာကို လွှတ်လိုက်ပါ။ ဖုန်းက Fastboot mode ထဲရောက်သွားပါပြီ။

-ကဲ ဒါဆိုရင် ဖုန်းကို usb ကြိုးအသုံးပြုပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ချိတ်ပြီးပြီဆိုရင် အပေါ်မှာတုန်းက download ရယူခဲ့တဲ့ CF-Root tool ဇစ်ဖိုင်ကို extract လုပ်လိုက်ပါ။ ပြီးရင်အဲဒီထဲက root-windows.bat ကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။

ပေါ်လာပြီဆိုရင် Enter ခေါက်လိုက်ပါ။
root process စတင်လုပ်ဆောင်ပါလိမ့်မယ်။ ဖုန်းကပုံမှန်အတိုင်း ပြန်တက်လာပြီဆိုရင်တော့ SuperSU ဆိုတဲ့ app လေးဖုန်းထဲမှာရှိမရှိ ကြည့်လိုက်ပါ။ ရှိနေပြီဆိုရင်တော့ ဖုန်းက root လုပ်ပြီးပါပြီ။ root process အောင်မြင်သွားပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Thet Naing Soe (Myanmar Mobile App)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်