Tuesday, July 24, 2012

Windows 7 Gadgets ပျောက်သွား၍ ပြန် ခေါ်လို့ မရသူများအတွက်

...အရင်ဆုံး ဒီပို့စ် လေးနဲ့ ပဲ စတင်ပါရစေခင်ဗျာ။ တစ်နေ့ ကွန်ပျူတာကို ကလိရင်း ကလိပါများသွားသောကြောင့် ကျနော့် ကွန်ပျူတာ Desktop တွင် Gadgets များပျောက်ဆုံးနေပါတယ် ဘယ်လို မှ ထည့်မရ ထည့်၍ရပါသော်လည်း ဘာမှမပေါ် ပဲ လေးဒေါင့်ကွက်
အသေးလေးသာ ပေါ်ပြီးအသုံးပြုမရ ဖြစ်နေပါတော့တယ် ကျနော် အသုံးများတဲ့ Gadgets ကနည်းပါတယ် နာရီ၊ Translater ၊ Calendar ဒါလောက်ပါပဲ သို့ ပေမယ့်ဒီသုံးခုက ကျနော့်အတွက် အမြဲ တမ်း သုံးနေတော့ မ၇ှိမဖြစ်လို အပ်လာပါတယ်။ ဒီတော့ ရှာရပီပေါ့ ... ရှာတော့တွေ့ ပါတယ် နည်းလမ်းက တော့ ---Registry ထဲမှာသွားလုပ်ရတာပါ
ပထမဆုံး Run Box ခေါ်ပြီး regedit ဟုရိုက်ထည့်ပါ Registry Editor ပေါ်လာပါလိမ့်မယ်
ထိုမှ တဆင့် HKEY_CURRENT_USER / Software / Microsoft / Windows /
အောက်တွင် CurrentVersion ဆိုတာ ရှိပါတယ် ထိုမှတဆင့် Internet Setting / Zone ကိုသွားပါ
Zone အပေါ်သို့ Right Click ထောက်ပါ Export ဆိုတာရှိပါတယ် ကလစ်ပေးလိုက်ပါ Box တစ်ခုပေါ်လာပါလိမ့်မယ် ထို Box တွင့် File Save ရန်နေရာကို Desktop ကိုေ၇ွးချယ်လိုက်ပါ ။ ပြီးလျင် File name ကို zones ဟုတ် အမည်ပေးကာ save ပေးလိုက်ပါ ။ ပြီးလျင် ခုနက Zones ဆိုသည်ကိုပြန်၍ right click ထောက်ကာ delet ကို ကလစ်ပေးလိုက်ပါ Yes (or) No ကို Yes ပေးကာ registry ကိုပိတ်လိုက်ပါ ပြီးလျင် စက်ကို Restart ပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ ။(မှတ်ချက် ။ Gadgets ပျောက်တာ အမျိုးမျိုးရှိပါတယ် တစ်ချို့က Computer Setting ထဲမှာ Gadgets ကိုဖော် မထားသောကြောင့်ပျောက်ဆုံးခြင်းတွေ ရှိတတ်ပါတယ် ထိုသို့ ဖြစ်လျင်တော့ Computer Control Panel ထဲမှာတင် ပြင်၍ရပါတယ်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်