Friday, May 25, 2012

မိမိ screen ပေါ်က ပေါ်နေတဲ့ .. အရာလေးတွေကို သဘောကြရင် ဓာတ်ပုံရိုက်နိုင်ပါသည်..။ (မသိသေးသောသူများအတွက်)

ဒီနည်းလေးက သိပ်ပီးတော့ အကြီးကြီးလည်း မဟုတ်ပါဘူး..
ဒါပင်မဲ့.. တစ်ချို့ သေးသေးမွှားမွှားလေးတွေကို သတိမထားကြတာ ကျွန်တော်တို့ ကိုယ်တိုင်ပင်ပေါ့..
ဘလော့ကို ဘာတင်ရမလည်း မသိတာနဲ့.. မသိသေးသောသူများအတွက်... ပြန်လည်မျှဝေလိုက်ပါတယ်..
ခင်ဗျာ.. (လေးစားလျက်) လမင်း
အောက်မှာပြထားတဲ့ ပုံကတော့ ကျွန်တော်အခု သုံးနေတဲ့ screen ပုံလေးပါ...
ကီးဘုတ်ကနေဘဲ.... Print Screen ကို နှိပ်လိုက်ရင်ရပါတယ်...

တစ်ခုတော့ ရှိတယ် နှိပ်ရုံနဲ့တော့ မပြီးသေးဘူးနော်.. ကျွန်တို့အသုံးပြုနေတဲ့ ကွန်ပျူတာကနေ ၀က်(စ်)ဖိုင် သို့မဟုတ် ..
Photoshop cs2 တစ်ခုခုတော့ ဖွင့်ပြီးတော့... Copy + Paste လုပ်လိုက်ပါ... ..။
မှတ်ချက် မလုပ်ခင်မှာတော့ မိမိကြိုက်နှစ်သက်တဲ့.. screen ပေါ်မှာ ပေါ်နေတဲ့ပုံရဖို့အတွက် Print Screen အရင်နှိပ်ဖို့တော့ လိုမယ်နော်..
နောက်ပီးတော့ အင်တာနက်သုံးနေရင်.. ချက်နေရင်းး အချိန်တွေမှာလည်း.. Print Screen ကို နှိပ်၍ အွန်လှိုင်းပေါ်က အရာတွေအားလုံးကို လည်း ရိုက်နိုင်ပါတယ်.. ....အလွယ်တကူ ဓာတ်ပုံရိုက်နည်းလေးလို့ ပြောနိုင်ပါတယ်.. လုပ်ကြည့်ပါ ..အဆင်ပြေမယ်လို့ ထင်ပါတယ်..

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်