Monday, May 14, 2012

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်

ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk နားညီးတယ် အမြင်ကတ်တယ် စိတ်ဒုက္ခရောက်တယ် ဆိုရင် ဒီလိုလေးစမ်းပိတ်ကြည့်မယ်ဗျာ

၁။ ပထမဆုံး Command Prompt (cmd) ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd ရိုက်ပြီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာ name ကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်။ ကျွန်တော် ဆိုင်လည်းတူတူထားပါတယ် ။ net view ကိုရိုက်ထည့်လိုက်ပါ။ လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်

ဥပမာ ( computername) eg- akari2 ပေါ့ နံပါတ် 2 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့အောက်က ဥပမာကိုကြည့်ပါ

1 . cmd

2 . net view

3. tasklist/s akari2

4. taskkill/s computer akari2/im googel.exe


အလွယ်ဆုံး ပိတ်နည်းပါ…

အဆင်ပြေပါစေဗျာ ….

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်