Sunday, May 20, 2012
Flash သီချင်းသမား နဲ့  ဘလော့ဂါတွေအတွက် အဆင်ပြေတဲ့ဆော့ဝဲ
Flash သီချင်းသမား နဲ့  ဘလော့ဂါတွေအတွက် အဆင်ပြေတဲ့ဆော့ဝဲ
.
ဒီ Flash ဖိုင်လေးထဲမှာ သီချင်းလင့်လေးတွေပါတယ်နော် ကြိုက်တဲ့သီချင်းကိုနှိပ်ပါ
ဖွေးဖွးပုံပေါ်ကို နှိပ်ရင်တော့ အလွမ်းပြေအနမ်းလေးရလိမ့်မယ် လုပ်နည်းက လွယ်
နေတယ် အဆင်ပြေသလိုသုံးလို့ ရတယ်နော်။ ဘလော့ဂါ့တွေအတွက် ခေါင်းစဉ်နဲ့ 
ကြော်ငြာဒီဇိုင်းတွေ ဆွဲလို့ ရတယ် ။ Flash Song လုပ်တတ်တဲ့သူတွေလည်း သီချင်း
လေးတွေ စုပြီးသိမ်းလို့ ရတယ် အခုနမူနာပြထားတဲ့ဟာဆိုရင် သီချင်း၎ပုဒ်ပါတယ်
သေသေချာချာ ဒီဇိုင်းလှလေးပြင် ၊ ကိုယ်ကြိုက်တဲ့ သီချင်း အပုဒ်၂၀ လောက်စုပြီး
အခုလို Flash ဖိုင်လေးထုတ်လိုက် ။ အဲ့ဆိုရင် လင့်တစ်ခုထဲနဲ့  အပုဒ်၂၀နားဆင်လို့ 
လင့်ကလည်း ဘာမှမပါတော့ ထုတ်လိုက်ရင် ဆိုဒ်သေးတယ် Naing ဆိုဒ်မှာတင်ရင်
လင့်မြန်မြန် ကျလွယ်တယ် ။ရလာတဲ့ လင့်လေးကိုမှ  သူငယ်ချင်းတွေကို ပေးလိုက်
လင့်တစ်ခုထဲနဲ့ သီချင်းအများကြီး  နားထောင်လို့ ရပြီ ။ ဘလော့ဂါတွေ  အတွက်က
ဘလော့ခေါင်းစီးကို လှလှလေးဆွဲလို့ ရမယ် ။ ကြော်ငြာသမား ကလည်း ရနေတယ်
နောက် ..အသုံးချနိုင်သလောက် ၊ စိတ်ကူးကောင်းသလောက်  အသုံးချကြည့်လိုက်
လုပ်နည်းကတော့ လွယ်နေတာမလို့  အသေးစိတ်မရှင်းတော့ဘူး အဲ့တော့ယူလိုက်
ဖလမ်းဖလမ်းထ အရမ်းရမ်းလှသွားအောင်..ဆွဲသာဆွဲ..ကဲသာကဲ.......တိန်...........။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/အလန်းဇယားဆော့ဝဲ
.
ဆော့ဝဲလေးပေးပြီး ဒီနားကနေ ရေးအုံးမယ် ဘလော့တွေ မလည်နိုင်လို့ ဘလော့ဂါ
ညီအကိုမောင်နှမအပေါင်း ကိုတောင်းပန်တာပါ လာမလည်ပေမယ့်လည်း ၀ါသနာ
အတူတူ ရေးဖော်ရေးဖက်တွေမလို့ အားပေးနေလျှက်ပါလို့  အခြေခံပညာသင်တွေ
ကို ပြောချင်တာလေးကတော့ ပထမဦးဆုံး မေးချင်တာကို မြန်မာလိုသာ မေးကြပါ
Thanks လို့ ပြောတာထက် ကျေးဇူးပါလို့  ပြောတာကို ပိုသဘောကျလို့ ပါ ပြီးတော့
ရေးထားတာကို သေချာဖတ် လုပ်ကြည့်ပြီးမှ နားမလည်သည်ကိုသာမေးပါ ။လုပ်မ
ကြည့်ရသေးပဲနဲ့ How to make Flash Song ? ဆိုတာကြီးက ဖြေရခက်လိုက်တာဗျာ
ပြီးတော့ ဘလော့တစ်ခုလုံးကို  အစဆုံးလုပ်ပေးဖို့  ကူညီပါလို့  မပြောကြပါနဲ့ နော်
ကျေးဇူးတင်ပါတယ် ။ အလုပ်ချိန်က မနက်၈နာရီဝင်  ည၁၀နာ၇ီခွဲမှပြန်ရတာရယ်
အိုတီပိုဆင်းလို့  ည၁၂ရောက်သွားရင် ဘလော့လေး ဖွင့်ကြည့်ချိန်ပဲ ရတာရယ်က
ကူညီပေးဖို့  အချိန်ဆင်းရဲလို့ ဖြစ်ပါကြောင်း ပြောကြားရင်း......ဖြောင်း ဖြောင်း.....။
ကျေးဇူးအထူးတင်ရှိပါကြောင်း...........................................................................။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်