Friday, May 4, 2012

တစုံတစ်ယောက်ကကိုယ့်ကို မေးလ်ပို့ လာတဲ့အခါကျေးဇူးတင်စကားလေး တွေ အခြားလက်ဆောင်စကားလေးတွေ ပါချင်သူများအတွက်တစုံတစ်ယောက်ကကိုယ့်ကို မေးလ်ပို့ လာတဲ့အခါကျေးဇူးတင်စကားလေး တွေ အခြားလက်ဆောင်စကားလေးတွေ ပါချင်သူများအတွက်

တစ်ဖက်က Email ပို့လာတဲ့အခါ ကိုယ်ဘက်က လက်ခံရရှိကြောင်း၊ ဒါမှ မဟုတ် ကျေးဇူးတင်စကား ပြောကြားဖို့ Gmail မှာ လုပ်ထားလို့ရပါတယ်။ အောက်ပါ အဆင့်များ အတိုင်း လုပ်ပါ။

ပထမဦးဆုံး မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
အောက်က  ပုံတွင်ပြထားသည့်အတိုင်း Mail Settings ကို ကလစ်ပါ။

ပြီးရင် အောက်ကပုံတွင်ပြထားသည့်အတိုင်း General Tab ကိုရွေးပါ။

ပြီးရင် General Tab ၏ အောက်ဆုံး Vacation responder အကွက်မှာရှိတဲ့ Vacation responder off ကို Vacation responder on သို့ပြောင်းပေးပါ။ ပြီရင် Subject နဲ့ Message အကွက်တွင်မိမိရေးချင်သည့်
စာသားကိုရေးပါ။ (ဥပမာ - ကျေးဇူးတင်ကြောင်းစကား၊ မေလ်းရောက်ကြောင်းစာသား)။ ပြီးရင် Save Changes ကို ကလစ်လိုက်ပါ။ အောက်ကပုံမှာ ပြထားပါသည်။

ပြီးလျှင် မိမိရေးထားသည့် Subject သည်အောက်တွင်ဖော်ပြသည့်အတိုင်းတွေ့ရပါလိုက်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေလ်းများပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည်ဖြစ်သည်။

အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပါက သင့်ဆီပို့နေသောအီးမေလ်းတိုင်းကို အီးမေလ်းပြန်နေလိုက်မည်
ဖြစ်သည်။

                         အဆင်ပြေကြပါစေ။




No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်