Wednesday, April 25, 2012

ဗွီဒီယိုများ၊သီချင်းများ၊ဆော့ဖ်ဝဲများကိုဒေါင်းလုပ်ဆော့ဖ်ဝဲမပါဘဲဒေါင်းလုပ်လုပ်နည်းလေးပါ


ဗွီဒီယိုများ၊သီချင်းများ၊ဆော့ဖ်ဝဲများကိုဒေါင်းလုပ်ဆော့ဖ်ဝဲမပါဘဲဒေါင်းလုပ်လုပ်နည်းလေးပါ
ဒါပေမယ့် Internet Explorer နဲ့တော့မရပါဘူး Mozilla Firefox နဲ့ပဲရပါတယ်..ပထမဦးစွာ Firefox ကိုဖွင့်လိုက်ပါ.ပြီးရင် Manu Bar

မှ Tools-->Add on ကိုနှိပ်လိုက်ပါ ပြီးသွားရင် Add on box ပေါ်လာပါလိမ့်မယ် ..Get add on Tab ကိုသွားပါ..search box ထဲမှာ "Download Video Helper"ဆိုပြီးရိုက်
ထည့်လိုက်ပါ..ပြီးရင် Enter ပေါ့..ဒါဆို Video Download add on တွေတန်းစီပြီးပေါ်လာပါလိမ့်မယ်..အပေါ်ဆုံးဖြစ်တဲ့ Video download
helper ကို Add to firefox ကိုနှိပ်လိုက်ပါ..
တစ်မိနစ်ခန့်ကြာတာနဲ့ Install လုပ်ရန် box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်..Install ကိုနှိပ်ပေးလိုက်ပါ..ပြီးရင် Install လုပ်ပြီးပြီဖြစ်တဲ့အတွက် Restart လုပ်ခိုင်းပါမယ်..မလုပ်ပါနဲ့ဦးအောက်ကိုဆက်ဆွဲချပါ..နောက်တစ်ခုထပ်သွင်းရပါဦးမယ်.(1) Click Youtube Video Download ဆိုတာကိုတွေ့ပါလိမ့်မယ်..Add to firefox လုပ်လိုက်ပါ. ပြီးရင် Install now ထပ်နှိပ်ပေးရပါမယ်..Install လုပ်တာပြီးသွားပြီးဆိုရင်တော့ restart လုပ်လို့ရပါပြီ..Restart Firefox ကိုနှိပ်ပေးလိုက်ပါ..firefox restart လုပ်သွားပါလိမ့်မယ်..
Firefox Restart လုပ်ပြီးပြန်ပေါ်လာတဲ့အခါကျရင်တော့ Address bar ပေါ်က Home အိမ်ပုံစံလေးဘေးမှာ Video Downlaod helper
ရဲ့သင်္ကေတလေးဖြစ်တဲ့အလုံးသုံးလုံးပူးလေးပေါ်နေပါပြီ.. ဒါပေမယ့်အလုပ်တော့မလုပ်သေးပါဘူးအရောင်မှိန်နေသေးပါတယ်..
ပြီးသွားရင် http://www.youtube.com/ သို့မဟုတ် ဗွီဒီယိုများရှိတဲ့ဝက်ဆိုဒ်ကိုသွားလိုက်ပါ.. youtube မှာဗွီဒီယိုဖြစ်ဖြစ်သီချင်းဖြစ်ဖြစ်ဖွင့်လိုက်ပါ...ဗွီဒီယိုသီချင်းလာပြီဆိုတာနဲ့အပေါ်ဆုံးက Video Downlaod helper အလုံးလေးကစပြီး လည်နေပါပြီ..ဒေါင်းလုပ်လုပ်ရန်အဆင်သင့်ဖြစ်နေတာကိုပြတဲ့သဘောပါပဲ..ထိုနည်းတူပဲဗွီဒီယိုရဲ့
အောက်နားဒေါင့်လေးမှာလည်း..စောစောကကျွန်တော်တို့သွင်းခဲ့တဲ့ (1)click youtube video download ကလည်းပေါ်နေပါပြီ..သူ့မှာလည်းမိမိကြိုက်နှစ်သက်တဲ့ဖိုင်နဲ့ကျွန်တော်တို့ဖွင့်ထားတဲ့ဗွီဒီယိုကိုဒေါင်းယူလို့ရနေပါပြီ..(1)Click ကဆိုရင်
ဖိုင်သုံးမျိုးဒေါင်းလို့ရပါတယ်..3GP/FLV/MP4 .Download Helper ကတော့နှစ်မျိုးပဲရပါတယ်..MP4/FLV ရယ်ပါ..ကြိုက်တာနဲ့ဒေါင်းနိုင်ပါတယ်.

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်