Android ဖုန်းကိုင်ဆောင်သူတွေ အတွက် အတာသင်္ကြန်အငွေ့အသက်ကလေးတွေပါတဲ့ ဖုန်းဆော့ဝဲလ်လေးဖြစ်တာကြောင့် သင်္ကြန်မရောက်ခင် ကြိုရင်ခုန်လိုသူတွေအတွက်ပါ
..ချစ်စဖွယ်ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ရယ်ရွှင်ဖွယ်ကောင်းအောင်ရေးသားထားသူက ကိုရွှေထူး(ပြည်) ဖြစ်ပြီး …ဒီဆော့ဝဲလ်လေးကို Zwenexsys Int’l Ltd ကနေ google play မှာ ဖြန့်ချိလိုက်တာဖြစ်ပါတယ် ..
သင်္ကြန်နောက်ခံ နဲ့သင်္ကြန် တီးလုံးလေးကိုမြိုင်ဆိုင်စွာနားထောင်ခွင့်ရမှာဖြစ်ပြီး ရေပတ်ခံနေတဲ့ မိန်မပျို ပုံစံကို အမျိုးမျိုးပြောင်းလဲနိုင်မှာဖြစ်သလို ၊ရေထွက်ပတ်တဲ့ character(လူကြီးလူငယ် မရွေး) ကိုလည်း ပြောင်းလဲနိုင်မှာပါ…ဒါအပြင် သင်္ကြန် background themes တွေကိုလည်း မိမိသဘောကျသလိုပြောင်းလဲ ပြင်ဆင် အသုံးပြုနိုင်မှာဖြစ်ပြီး ကာတွန်းဇာတ်ကောင်လေးတွေရဲ့ dresses တွေကိုလည်း ပြင်ပေးနိုင်မှာဖြစ်ပါတယ် … မိမိပြင်ဆင်ထားတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကိုလည်း screenshot ရိုက်ပြီး မိမိဖုန်းရဲ့ wallpaper အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို facebook,gmail ကို share ပေးနိုင်မှာဖြစ်ပါတယ် ….
ဒီဆော့ဝဲလ်လေးကို Myanmar Mobile App Store မှာ download ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ် …
google play ကနေရယူလိုသူတွေ အတွက်ကတော့ …
ရယူနိုင်ပါတယ်ခင်ဗျာ… 
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်