Google 2-Step Verification ဆိုတာကိုတော့လူတိုင်းသိပြီးဖြစ်မှာပါ ဂူးဂဲလ်ရဲ့သူ့ကာစတန်မာတွေရဲ့အအကောင့်လုံခြုံရေး
အတွက်အစွမ်းကုန်မြှင့်တင်ထားတဲ့ဖုန်းနဲ့ထိန်းချုပ်တဲ့နည်းလေးပါ..ဟုတ်ပါပြီ ကျွန်တော်တို့
လည်းကိုယ့်အကောင့်လေး
တွေလုံခြုံရေးအတွက်Google 2-Step Verification ကိုသုံးကြပြီ..အကောင့်အတွက်လည်းစိတ်ချသွားရပြီ..ရော့ယူကွာ
ဆိုပြီး password ကြီးပေးလိုက်တာတောင်မကြောက်ရလောက်အောင်ပါပဲ..အဓိကတော့ကိုယ့်ဖုန်းပဲလေ..

ဒါပေမယ့်တစ်ခုဆိုးတာက အဲ့ဒီ နည်းကိုသုံးလိုက်ပြီးရင် gtalk ကိုဝင်မရတော့ဘူး အကောင့်ကိုပေးထားတဲ့ password
ကြီးကိုမှန်အောင်ရိုက်နေလည်းဟုတ်သေးပါဘူးဆိုပြီးအသားကုန်ငြင်းနေတာပဲခံနေရတယ်..
ဥပမာကျွန်တော်တို့အကောင့်ရဲ့ password က ၁၂၃၄၅၆၇၈ ဆိုပါစို့..အဲ့ဒီ password ကမေးလ်ကိုဝင်လို့တော့ရပါရဲ့

gtalk မှာအဲ့ password ပြန်ရိုက်ပြီးဝင် မရတော့ဘူး..အဲ့ဒီပြဿနာက gtalk တစ်ခုတည်းလားဆိုတော့မဟုတ်သေးဘူး
ခုနာက်ပိုင်းဖုန်းတွေမှာမေးလ်ကိုဖုန်းနဲ့သုံးမယ်ဟေ့ဆိုပြီး gmail ကို sign in လုပ်ကြည့် password ကတော့ထုံးစံအတိုင်း
၁၂၃၄၅၆၇၈ ပေါ့..တစ်နေကုန်ထိုင်ရိုက် ဘက်ထ္ထရီကုန်သွားမယ် လုံးဝကိုမဖွင့်ပေးတာဗျာ...အဲ့ဒီတော့နည်းနည်းစဉ်းစား
ရပြီ..ကျွန်တော်တို့ 2-step Verification လုပ်ခဲ့တုန်းကနောက် ဆုံးအဆင့်လေးတစ်ခုကိုမှတ်မိချင်မှမှတ်မိကြမှာပါ Generate a new application-specific password ဆိုတဲ့နေရာလေးမှာ အခြား အခြား application တွေမှာသုံးဖို့အတွက် password လုပ်ရတာလေးပါ..ကျွန်တော်လည်းအဲ့ဒီနေရာလေးကိုဖြည့်ခဲ့ပေမယ့်

အဲ့ဒီတုန်းကဘာမှန်းကိုမသိတာတော့အမှန်ပါ..ဒါကြောင့်အဲ့ဒီကနေရတဲ့သီးသန့် password ကိုလုံးဝသတိမရတော့ပဲ
ဖြစ်ခဲ့ဖူးပါတယ်..အမှန်တော့ကျွန်တော်တို့လိုအပ်နေတဲ့ ဘာကြောင့် password မှန်ရဲ့သားနဲ့ ၀င်မရလည်းဆိုတဲ့အချက်
ကအဲ့ဒီမှာပါ..တကယ်တော့ကျွန်တော်တို့ gtalk တို့ မိုဘိုင်းဖုန်းတို့မှာဖြည့်ပေးရမယ့် password အမှန်က 12345678
မဟုတ်တော့ပဲနဲ့ အဲ့ဒီကရတဲ့နံပါတ်အသစ်တွေကိုဖြည့်ပေးရခြင်းဖြစ်ပါတယ်..အခြားသူတွေတော့မသိဘူး
ကျွန်တော်ကတော့အဲ့ဒီကုဒ်ကိုအသစ်ပြန်လုပ်လိုက်ရတယ်ဗျာ..ဒီတော့ကျွန်တော့်လိုအခက်ကြုံရတဲ့သူတွေအတွက်
အဲ့ဒီ password ပြန်ယူနည်းလေးကိုရေးပေးလိုက်ပါတယ်...

အရင်ဆုံး gmail မှာ sign in ၀င်လိုက်ပါ.
ပြီးရင် setting ကိုသွား
Setting မှာ accounts and import ကိုရွေး
ပြီးရင်တော့ change password ပေါ့..
ပြီးရင်တော့ထုံးစံအတိုင်း password အသစ်ပြောင်းကြတာပေါ့..
ပြီးရင် setting ကိုသွား
Setting မှာ accounts and import ကိုရွေး
ပြီးရင်တော့ change password ပေါ့..
ဒီနေရာမှာတော့ manage application-specific passwords ဆိုတာလေးကိုနှိပ်ပြီးရင် ကျွန်တော်တို့နောက်တစ်ခါ sign in ပြန်လုပ်ရပါမယ်..ခုနကပြောင်းလိုက်တဲ့ password အသစ်လေးကိုသုံးပေါ့..
လေးကိုရှာလိုက်ပါ..ပြီးရင် name မှာနာမည်တစ်ခုပေးပြီး generate password ဆိုတာလေးကိုနှိပ်ချလိုက်ရုံပါပဲ
ဲ့အဲ့လိုနှိပ်ပြီးရင် password အသစ်ရလာပါမယ်..အဲ့ဒီ password အသစ်လေးကကျွန်တော်တို့ အရင်က၀င်မရခဲ့တဲ့

နေရာတွေမှာသုံးရမယ့် password မို့သေချာသာမှတ်ထားလိုက်ပါတော့နော်.
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်