အင်တာနက် အသုံးပြုသူတော်တော် များများ မော်ဇီလာ ဖိုင်းယားဖောက်စ်
နဲ့ ထိတွေ့ဘူးကြမယ်လို့ ထင်ပါတယ်။ အခု ကျွန်တော်တို့ ရဲ့  ဖိုင်းယားဖောက်စ် ဟာ ဆိုရင် ဗားရှင်း ၁၅ အထိ ရောက်ရှိလို့ လာပြီဖြစ်ပါတယ်။ တရားဝင် Stable ဗားရှင်း ဖြစ်ပါတယ်။ အသစ်ဆိုတဲ့အတိုင်း Feature အသစ်တွေ ပါလာမယ် အဟောင်း အချို့ တွေ ဖြုတ်ချခဲ့မယ် ။ပြီးတော့ အခြားသုံးဆွဲ သူ စိတ်ကြိုက် ဖြစ်မယ့် အချက်အလက်လေး တွေကို ပြင်ဆင်လာခဲ့ ပါတယ်။ နာမည်ကြီးပြင် ဆင်ချက်အချို့ ကို ပြောရမယ်ဆိုရင် .....
- [1] Start-page စတိုင်လ် ပြောင်းလဲလာခြင်း ။
- [2] အခြား User Interface များ သိသိသာသာ ပြောင်းလဲလာခြင်း။
- [3] SPDY protocol အထောက်အပံ့ပေးခြင်း။
စသည်တို့ ပဲဖြစ်ပါတယ်။
CSS Word Break ပြသာနာလဲ ဖြေရှင်းပြီးသွားပြီဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့  မြန်မာစာ ဖတ်ရင် သိသာပါတယ် Chrome မှာ စာကြောင်း ဆင်းသွားတဲ့နေရာ အချို့ ဖိုင်းယားဖောက်စ် မှာမဆင်း ပဲ စာတန်း ရှည်ရှည်တွေနဲ့ အရုပ်ဆိုးနေတတ်တာ အဆင်ပြေသွာားပြီလို့ ပြောတာ ဖြစ်ပါတယ် ။
Add-on တစ်ခု ကျွန်တော်တို့ အရင်ဗားရှင်း တွေတုန်းက ထည့်ပြီ ဆိုရင် အလုပ်လုပ်အောင် Firefox ကို Restart တစ်ခေါက်တစ်ခေါက် ပြန်ပြန်ချပြီးမှ အသုံးပြုရတာဖြစ်ပါတယ်။ အခု နိုး ပရောဗလန် ပါ စောင့်ဖို့  မလိုတော့ပါဘူး ။ အောက်မှာ တစ်ချက်ကြည့်လိုက်ပါ အစမ်း တစ်ခု သွင်းပြထားပါတယ်။
အားလုံးပဲ အသစ်အသစ်တွေ နေ့ စဉ်စမ်းသပ်နိုင်ကြပါစေ ။ ရိုးရာလေး
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်