Gmail သုံးနေရင်း သတိထားရမယ့်အချက်လေးတစ်ချက် (တန်ဖိုးရှိတယ်နော်)
![]() |
Gmail Version အသစ်နဲ့ ပြတာမလို့  အဟောင်းမှာလည်း အတူတူပဲနော် Details ကိုသာရှာကြည့် |
ဒီနည်းလေးကတော့ ကိုယ့်အီးမေးကို ဘယ်နိုင်ငံကဖွင့်လည်း သိသာစေတဲ့ နည်းလေး
တစ်ခုပါ ။အကောင့်ဟက်ခံရပြီဆိုရင် ဟက်တဲ့သူက အကောင့်ကို ဖွင့်ကြည့်သေးလား
စစ်ကြည့်လို့ ရပါတယ် ။ဟိုးတလောက ဟက်တော့ ဟက်တာပဲ။ ဖိုးမောင် ဖွင့်မကြည့်
နဲ့ နော် ။ ဦးလေးဖွင့်မကြည့်နဲ့ နော် ဆိုတာတွေကြားရပါတယ်။ တကယ်လည်း ကျနော်
ဘယ်သူ့ အကောင့်မှဖွင့်မကြည့်ပါဘူး ။ချစ်သူအကောင့်က လွဲလို့ ပေါ့ ။ဖွင့်မကြည့်တာ
မချစ်လို့ မဟုတ်ဘူးနော်။ Personal ကိုအလေးထားလို့ ပါ။အဲ့နည်းကလွယ်သလိုလိုနဲ့ 
ပြဿနာအတော်များတဲ့နည်းပါ ။လုပ်နည်းအသေးစိတ်တင်ပေးချင်ပေမယ့် တင်မပေး
တာကောင်းပါတယ် ဆောင်ရန်ရှောင်ရန်အပိုင်းလေးတော့ အသေးစိတ်ရေးပါအုံးမယ်
အဟက်ခံရရင်တောင် ဖွင့်လားမဖွင့်လားဆိုတာ အခုဒီနည်းနဲ့ စစ်လို့ ရပါတယ် ။ အခု
ကျနော့အကောင့် နဲ့ နမူနာပြထားပါတယ် ။Malaysia IPမဟုတ်ပဲMyanmar IPနဲ့ ဖွင့်
နေတာ တွေ့ ရတယ်။ သူခိုးကတော့ အိမ်တွင်းသခိုး ဟန်ဂျီအင်းပဲဖြစ်ပါတယ် ။ အဲ့လို
ဖွင့်ရင် စာတန်းတစ်ခုပေါ်လာသေးတယ်။အခုနောက်ပိုင်း ဟက်ရတာမလွယ်တော့ပါ
Google ရဲ့ မြင့်မားလာတဲ့ Security တွေကြောင့် IP Location ကွာရင် ပတ်စ၀ပ်သိ
ပါလျှက်နဲ့  အကောင့်ဖွင့်မရတာ ရှိပါတယ်။ မေးလိပ်စာတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်
တတ်တာကိုပြောတာဟိုးတလောက နောက်လိုက်တာ လူအတော်များတယ် သို့ သော်
အရမ်းချစ်တဲ့သူတွေကိုပဲ မောင်တလုံးက နောက်တာပါ ဆိုတော့ကာ သက်ဆိုင်သူများ
သဘောပေါက်ပေးကြပါနော် ချစ်လို့ စတယ်မှတ်ပါလို့ ..။ ဖွင့်မကြည့်ဘူး နောက်သတိ
ရှိဖို့ ပညာပေးတဲ့သဘောပါ။ပြဿနာတက်သွားကြတဲ့ စုံတွဲများလည်း တောင်းပန်ပါ၏
အခုလို ပြောတော့ သိလည်းသိရ ပညာလည်းတိုးတာပေါ့နော် ။ထို့ ကြောင့် သက်ဆိုင်
သူ မောင့်ကို စိတ်မခုကြပါနဲ့  နောက် မဟက်တော့ပါဘူးလို့ အဲ့နည်းက မြန်မာလိုဆို
ငါးမျှားတဲ့နည်းပေါ့ အဲ့ထက်ရက်စက်တဲ့နည်း 2009 လောက်ကပဲ အဆင်ပြေသေးတာ
အခုဆိုရင် Google က Security ကို ထပ်တိုးလိုက်လို့ သိပ်သုံးမရတော့ဘူး ဒါပေမယ့်
ရရင်အဲ့နည်းက ပွဲချင်းပီး။အခုနည်းက ဘယ်သူဖွင့်လည်းစစ်ကြည့်ရုံပါပဲ အခြေခံပညာ
ဆိုတော့သာမာန် အခြေနေမှာပဲ ရမှာ ။ အရေးပေါ်ဆိုရင်တော့ အထူးကုနဲ့ ပြမှရမယ်
မောင်တလုံးက အခုမှ လေ့လာ စမ်းသပ် ပညာရှာနေတာဆိုတော့ တွေ့ သမျှ ဝေရတဲ့
သဘောလေးဖြစ်ကြောင်း ပြောကြားရင်း Gmail သုံးရင် Details ကို မမေ့ပါနဲ့ လို့ ....။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်