Monday, January 21, 2013

Photoshop ဖြင့် PNG ဖိုင်ပြောင်းနည်း နှင့် noise များကိုရှင်းနည်း


ကျွန်တော်ဖလက်ဆောင်းဆိုဒ်ကနေယူလာပေးတာပါသူငယ်ချင်းတွေအတွက်လိုအပ်မယ်ထင်လို.ပါ 
ဒါလဲ မသိသေးတဲ့ သူတွေ အတွက်ပါနော် … 
မိမိပြောင်းချင်တဲ့ ပုံတစ်ပုံကို ဖွင့်လိုက်ပါဗျာ။ အောက်က ပုံအတိုင်း ကျ လာပါလိမ့်မယ်။
အဲလို ကျလာရင် Layer ရဲ့အောက်မှာ ပန်းရောင်လေးနဲ့ ဘောင်ခတ် ပြထားတာတွေ့ပါလိမ့်မယ်။
(တကယ်လို့ Layer ဆိုတာ မတွေ့ခဲ့ရင် ဖွင့်ထားတဲ့ photoshop ရဲ့ အပေါ်က menu bar မှာ window ဆိုတာ
ရှာပီး window အောက်က Layer ဆိုတာ ကို ကလစ်လိုက်ပါ)


ပန်းရောင်လေးနဲ့ ဘောင်ခတ်ထားတဲ့ အကွက်မှာ သော့ခလောက် ပုံလေး တွေ့လို့ကလစ် နှစ်ချက် နှိပ်လိုက်ရင်
အောက်က ပုံအတိုင်း ပျောက်သွားပါလိမ့်မယ်နော် ။

ပြီးရင် အပေါ်မှာပြထားတဲ့  ပန်းရောင် အကွက်လေးထဲက pen tool ဆိုတာကို ယူပါမယ်။
တစ်ခု သတိထားရမှာက အောက်မှာ ပြထားတဲ့ နှစ်နေရာမှာ ကလစ် နှိပ်ရပါမယ်နော် ။

    pen tool ကိုယူပြီးရင်တော့ ပုံရဲ့ အောက်ခြေ ကနေ (မိမိ စဖြတ်မဲ့ နေရာလောက်ပေါ့)  ပြထားတဲ့အတိုင်း
ကလစ်တစ်ချက် ချလိုက်ပါ။ အစက်လေး တွေ့ပါလိမ့်မယ် ။
နောက် ခေါင်းပေါ်နားလောက်ကို တချက် ဆက်ပြီးတော့ ကလစ်ချလိုက်ပါနော်။
ပုံထဲက အတိုင်း မျဉ်းဖြောင့် ပုံစံ ရပြီ ဆိုရင်တော့ မျဉ်း အလယ်လောက်ကို ကလစ်တစ်ချက်ထောက် လိုက်ပါ။


         အပေါ်မှာဝိုင်း ပြထားသလိုအစက်လေးတွေ ပေါ်လာပါလိမ့်မယ်။အဲလိုပေါ်လာရင်တော့မိမိ ကွေးချင်
ကောက်ချင် ၀ိုက်ချင် တဲ့နေရာ Ctrl ကို ဖိထားပြီးတော့ မောက်  နဲ့ ရွှေ့လိုက်ပါ။အောက်က ပုံတွေအတိုင်း
ဆက်လုပ်သွားပေါ့နော်။.
    အခုလို တပတ်ပြည့်ပြီဆိုရင်တော့ Ctrl+Enter ကိုနှိပ်လိုက်ပါ  အောက်က ပုံအတိုင်း တွေ့ရပါလိမ့်မယ်။
                 ပြီးရင် အပေါ်မှာ ပြထားတဲ့အတိုင်း menu bar မှာ select အောက်က inverse ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Shift+ F6 တွဲ နှိပ်လိုက်ပါနော်။အဲမှာ 0.2 ကနေ 1 အထိ မိမိ အဆင်ပြေမဲ့
နံပါတ် ရိုက်ထည့်ပါ။ပြီးရင် Enter ကိုနှိပ်လိုက်ပါ  ။

ပြီးရင်တော့ Delete ကို နှိပ်လိုက်ရင်အောက်က ပုံအတိုင်း တွေ့ရမှာပါ။
      ဒါဆိုရင် Ctrl + D ကို နှိပ်လိုက်ပါ။ အောက်ပုံအတိုင်းရရင် Save as နဲ့ သိမ်းရအောင်နော်။


         အပေါ်မှာ ပြထားတဲ့အတိုင်း png ဆိုတာ ရှာရွေးပြီး Save as နဲ့ သိမ်းလိုက်ပါ။
ဘောက်တစ်ခု ကျလာရင်  none ကိုပဲ ရွေးပီး Ok နှိပ်ပြီး သိမ်းလိုက်ပါ။
……ဒါဆို မိမိ ဓါတ်ပုံဟာ png image တစ်ခု ဖြစ်သွားပါပီ။

နောက်ဆက်မဲ့ အကြောင်းလေးက မိမိတို့ ရိုက်တဲ့ဓါတ်ပုံတွေ မှာ noise တွေ ထ နေတာ ပြင်ရအောင်နော်….

           အခု လို noise တွေ ထ နေတာ ဟာ အလင်းရောင် နည်းတဲ့ နေရာတွေ မှာရိုက်ရင် ဖြစ်ပါတယ်။
noise တွေ ကို ရှင်းတဲ့ ဆော့ဝဲလ် တွေ အများကြီးလဲ ရှိပါတယ် ။ အဲဒီဆော့ဝဲလ်တွေက Install လုပ်ရ
patch ဖိုင်ဖြည်ရ crack ဖိုင်ဖြည်ရ serial key ထည့်ရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ ခု
ကျနော် ပြောမှာကတော့ ဘာမှ လုပ်စရာ မလိုပဲ အောက်မှာ ပေးတဲ့ ဖိုင်လေးကို ဒေါင်းပြီး သိမ်းထား…
ကြိုက်တဲ့နေရာ သယ်သွား ချက်ချင်း သုံးရုံပဲ..
ဖိုင်ဆိုဒ်ကလဲ 600kb ၀န်းကျင်ပဲ ရှိတော့ သေးသေးလေး 
Cs, Cs2 ,Cs 3 ,Cs 4 , အကုန်ရတယ်ဗျာ. အဲဒီတော့ အိုကေမှာ စိုပြေတာပေါ့ဗျာ.......
အရင် အောက်က ဖိုင်ကို ညာကလစ်ထောက် save link as နှိပ် ပြီး ဒေါင်း လိုက်ပါနော် ။နောက်တစ်ခု
က ဒေါင်းလုပ် မန်နေဂျာတွေတင်ထားရင် ခဏ exit နဲ့ ထွက်ထားပေးဖို့ပါ 
ဒေါင်းပီးရင် ဒေါင်းထားတဲ့နေရာကနေ သွားပြီးတော့ ကော်ပီယူ ။အောက်က ပုံမှာ ပြထားသလို 8BF ဖိုင်နဲ့
ဆုံးတာတွေ့မှ သုံးလို့ ရမှာပါ 


My computer အောက်က drive c  ၊ကိုသွားနော်
အဲဒီက program file 
ပုံမှာ ပြထားတဲ့အတိုင်း Adobe ကိုဝင်
အဲဒီကမှ Adobe Photoshop Cs 3 ကိုဆက်သွား
 အဲဒီမှာ Plug-Ins ဆိုတာ တွေ့ရင် ဆက်နှိပ်အုန်းနော်

အဲဒီမှာ Filter ကိုတွေ့ရင်တော့ အောက်မှာ ပြထားတဲ့အတိုင်း  paste လိုက်တော့..
ပြီးရင် ပြန်ထွက်ပြီး Photoshop ဖွင့်လိုက်နော်

အောက်မှာ ပြထားတဲ့  အတိုင်း ပုံတစ်ပုံကို ဖွင့်ပြီး Filter ဆိုတာ နှိပ်ကြည့်လိုက်ရင်  noiseware professional
ဆိုတာ တွေ့ရင် ကလစ်ပြီး ပုံကို လိုသလို မိမိ စိတ်ကြိုက်ချိန်လို့ရပါပြီ…

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်