Monday, January 21, 2013

Personal Computer တစ်လုံး ၀ယ်ယူတပ်ဆင်ရာတွင် သိသင့်သိထိုက်ရမည် Hardware အကြောင်းများ


Personal Clone Computer တစ်လုံး ၀ယ်ယူတပ်ဆင်ရာတွင် အဆင်ပြေကောင်းမွန်စွာ 

သုံစွဲနိုင်ရန်အတွက် ၀ယ်ယူသည့် အစိတ်အပိုင်းများကို တစ်ခုနှင့်တစ်ခု အဆင်ပြေ ကိုက်ညီအောင်

 ရွေးချယ်ဝယ်ယူရန် အရေးကြီးပါတယ်.။ တပ်ဆင်သည့် အစိတ်အပိုင်းတွေ ကိုက်ညီအဆင်ပြေမှု မရှိပါက

 သုံးစွဲရာတွင် အဆင်မပြေဖြစ်တတ်ခြင်း၊
လုပ်ငန်းများလုပ်ဆောင်ရာတွင် error အဖြစ်များခြင်းနှင့်

hardware ဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်တတ်ပါတယ်.။ အဆင်ပြေကိုက်ညီသော ကွန်ပျုတာတစ်လုံး ရွေးချယ်ရာတွင် motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကိုက်ညီဖို့က အရေးကြီးအဆုံးဖြစ်ပါတယ်..။ monitor, Harddisk Drive, Floppy Drive, CD/DVD Drive တို့ကတော့ မိမိအဆင်ပြေသလို စိတ်ကြိုက်အရွေးချယ် ၀ယ်ယူနိုင်ပါတယ်..။ အခုအပိုင်းမှာ motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကို ဘယ်လို ကိုက်ညီအောင် ရွေးချယ်မလဲ ဆိုတာကို ကျွန်တော်လေ့လာထားသလောက် ရှင်းလင်းပြောပြ ပေးသွားပါမယ်..။ processor တွင် Intel နှင့် AMD ဆိုပြီးနှစ်မျိုးရှိရာတွင် အသုံးအများဆုံးသော intel peocessor အခြေခံ ကွန်ပျုတာအတွက် အစိတ်အပိုင်း ရွေးချယ်မှုကို အရင်ဆုံး ဖော်ပြပေးပါသွားပါမယ်.။ AMD processor ကိုအသုံးပြုတဲ့ ကွန်ပျုတာတွေ အတွက်ကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်.။ ရွေးချယ်ဝယ်ရာတွင် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အချက်အလက် information တွေကို internet တွင်ဖြစ်စေ၊ ၀ယ်ယူမည့်ဆိုင်ရဲ့ webpage တွင်ဖြစ်စေ၊ လမ်းညွန်စာအုပ်တွေကို ဖြစ်စေ ဖတ်ရှုပြီး ရှာဖွေကြည့်နိုင်ပါတယ်.။(၁) MotherboardMotherboard ကို ရွေးချယ်ရာတွင် Processor Pin socket အရေအတွက်၊ memory slot(RAM အတွက်) အရေအတွက်၊ IDE နှင့် SATA slot( HDD နှင့် CD drive အတွက်) အရေအတွက်၊ VGA slot အမျိုးအစား နှင့် expanstion slot ( Network card, sound card စသည့်တို့အတွက်) အရေအတွက် တွေကို အကြမ်းဖျင်း ကြည့်ရှုကာ ရွေးချယ်ကြပါတယ်.။ Motherboard မှာ Intel Processor အတွက် motherboard နဲ့ AMD processor အတွက် AMD processor board ဆိုပြီး နှစ်မျိုးရှိပါတယ်.။ အသုံးများတာကတော့ Intel proceesor ပါ။ Intet processor board တွေမှာ Processor Pin Socket အနေနဲ့ LGA 478 နဲ့ LGA 775 ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါပြီး အခုနောက်ပိုင်းမှာ LGA775 တွေသာ အများဆုံး ထုတ်လုပ်အသုံပြုနေကြပါတယ်.။ အသုံးများတဲ့ motherboard အမျိုးအစားတွေကတော့ Asus နဲ့ GigaByte အမျိုးအစားတွေ ဖြစ်ကြပါတယ်.။(၂) Motherboard နှင့် ProcessorMotherboard နှင့် processor ကို ကိုက်ညီအောင်ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်တွေကို ကြည့်ရှုရွေးချယ်ရပါမယ်.။- Processor Pin socket အတွက် (socket 775 /socket 478 ) ဆိုတာကို အရင်ကြည့်ရပါမယ်.။ motherboard မှာ 775 ဆိုရင် processor socket 775 ကိုဝယ်ရပါမယ်.။ 478 ဆိုရင်တော့ processor 478 မှကိုက်ညီပါမယ်.။-Motherboard က ဘယ် processor အမျိုးအစားကို suppot လုပ်တယ်ဆိုတာ ကြည့်ရှုရပါမယ်။ Pentium 4 လား၊ Pentium D လား၊ Pentium Core2Duo လား၊ Celeron ကို support လုပ်လားဆိုတာ သေချာ ကြည့်ရှုရပါမယ်.။- Front Side Bus(FSB) အတွက် motherboard front side bus MHz နဲ့ processor front side bus ရဲ့ MHz တို့ တူညီမှု ရှိမရှိကို ကြည့်ရပါမယ်.။ Front side bus ကို MHz နဲ့ဖော်ပြပြီး 533/800/1066/1333 MHz ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်.။ Processor FSB ဟာ 1066 MHz ရှိမယ်ဆိုရင် motherboard ကလည်း 1066 MHz support ဖြစ်တာကို ရွေးချယ်ရပါမယ်.။- Processor ကိုရွေးချယ်ရာတွင် OEM နဲ့ BOX ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ OEM ဆိုရင် Processor fan (CPU cooler) မပါပဲ processor အလုံးလိုက် ရောင်းချတာ ဖြစ်ပါတယ်။ BOX ဆိုရင်တော့ Processor+ Fan ပါ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်.။ OEM ကိုဝယ်မယ်ဆိုရင်တော့ Processor Fan( cooler) ကို ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်.။(၃) Motherboard နှင့် RAMMotherBoard နဲ့ RAM အမျိုးအစား ကိုက်ညီမှု ရှိမရှိ ရွေးချယ်နိုင်ရန်အတွက်-- motherboard က RAM က ဘာအမျိုးအစားလဲ ဆိုတာ အရင်ကြည့်ရပါမယ်။ DDR လား၊ DDR II လား၊ DDR III အမျိုးအစားလား ဆိုတာ အရင်ကြည့်ရပါမယ်။- RAM အမျိုးအစားကို အများအားဖြင့် DDR PC 3200(400Mhz), DDR II PC2 4200(533Mhz), DDR II PC2 5300 (667Mhz) စသည်ဖြင့် ဖော်ပြတတ်ကြပါတယ်.။ Capacity ကိုတော့ Mhz ဖြစ်နဲ့ ဖော်ပြထားပါတယ်.။-Motherboard မှာ Support ဖြစ်တဲ့ RAM ကိုတော့ ဥပမာ- DDR II DIMM (400/533/667) Mhz ဆိုပြီးဖော်ပြတတ်ပါတယ်.။ motherboard support ဖြစ်တဲ့ RAM Mhz နဲ့ ရွေးချယ်မဲ့ RAM Mhz တို့ကိုက်ညီ တူညီမှု ရှိရပါမယ်.။-တစ်ချို့ Board တွေမှာ memory slot ၂ ခုသာပါပြီး တစ်ချို့မှာတော့ memory slot 4 ခုအထိ ပါပါတယ်.။ Memory ကိုထပ်ပြီး upgrade လုပ်ဖို့ အစီအဉ်ရှိတယ် ဆိုရင်တော့ slot များတာကို ရွေးပါ.။ motherboard က dual channel support လားဆိုတာ သေချာ ဖတ်ကြည့်ပါ.။- Dual Channel Motherboard ဆိုရင် RAM ကို နှစ်ချောင်းတပ်ပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဥပမာ RAM ကို 1GB တပ်မယ်လို့ စိတ်ကူးထားရင် Dual Channel board မှာ 512 MB RAM ၂ ချောင်းစိုက်ပေးမှ စက်ရဲ့လုပ်ဆောင်မှု ကောင်းမွန်အဆင်ပြေမှာ ဖြစ်ပါတယ်.။ Dual Channel Board တွေမှာ အများအားဖြင့် Memory Slot ၄ ချောင်းပါတတ်ပြီး 4GB အထိ အများဆုံး ထည့်လို့ရပါတယ်.။ တွဲသုံးရမဲ့ slot တွေကို အနီ အ၀ါ စသည်ဖြင့် တွဲပြီး သတ်မှတ်ပေးထားပါတယ်..။(၄) Motherboard နှင့် vedio adapter(VGA)Motherboard နှင့် vedio adapter(VGA) ကိုက်ညီမှု ရှိမရှိ ရွေးချယ်ရာတွင်-- VGA card slot တွင် AGP slot type နဲ့ PCI x 16 slot type ဆိုပြီး နှစ်မျိုးရှိပါတယ်။ motherboard support မှာ ACP slot ဆိုရင် AGP type အမျိုးအစား VGA ကို ရွေးချယ်ရပါမယ်။ motherboard က PCIx16 slot ဆိုရင် PCI type အမျိုးအစား VGA ကို ရွေးချယ်ဝယ်ယူရပါမယ်။- Graphic Card မှာ active cooling ဆိုတဲ့ ပန်ကာသုံးတဲ့ VGA အမျိုးအစားနဲ့ passive cooling ဆိုတဲ့ ပန်ကာမသုံးသော အအေးခံတဲ့ VGA ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်.။ ကျွန်တော်ကတော့ passive cooling ကို ပိုကြိုက်ပါတယ်..။(၅) Harddisk Drive(HDD)HDD ကို ရွေးချယ်ဝယ်ယူရာတွင် 40GB,80 GB, 120GB,160GB, 200GB, 250 GB, 300 GB, 320 GB စသည့်ဖြင့် မိမိစိတ်ကြိုက် capacity ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်.။-HDD မှာ IDE cable သုံးတဲ့ HDD နဲ့ SATA cable သုံးတဲ့ HDD ဆိုပြီး ၂ မျိုးရှိပါတယ်..။- HDD cache အနေနဲ့ 8Mb,10.2 Mb,16 Mb စသည့်ဖြင့် အမျိုးအစား အမျိုးမျိုးရှိပြီး Mb များလေး ဈေးကြီလေ.. ဈေးကြီးလေ ကောင်းလေပါပဲ.. :)ကျွန်တော့် အကြိုက်ဆုံးကတော့ SATA အမျိုးအစား ဖြစ်ပါတယ်.။(၆) Casing-Casing မှာ Tower (ပုံးအကြီး) နဲ့ miniTower (ပုံးအသေး) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။-ပုံးအကြီးမှာ ATX motherboard ကို တပ်နိုင်တဲ့အပြင် microATX motherboard အသေးကိုပါ တပ်ဆင်လို့ရပါတယ်.။-ပုံးအသေး(minitower) မှာတော့ microATX motherboard အသေး တစ်ခုတည်းကိုသာ တပ်ဆင်လို့ရပါတယ်။-ပုံးအသေးဝယ်မယ်ဆိုရင် နောက်ထပ် hardware တွေထပ်ထည့်ပြီး upgrade လုပ်ဖို့ အတွက် အခက်အခဲ ၇ှိတတ်ပါတယ်..။ ပုံးအသေးမှာ CD drive 1 ခု၊ HDD အများဆုံး 2 လုံးသာတပ်လို့ရပြီး. နောက်ထပ်ထည့်ဖို့ နေရာမရှိပါဘူး..။ ပုံးအကြီးကတော့ upgrade လုပ်ဖို့ရာ အဆင်ပြေပါတယ်.။- ပုံးဝယ်ယူမယ်ဆိုရင် အဓိကကျတာ power supply ပါ။ 300 watt, 350 watt, 400 watt, 420 watt စသည်ဖြင့် watt ပေါ်လိုက်ပြီး အမျိုးအစားကွဲကြပါတယ်.။ watt များတာ ၀ယ်လေလေ စိတ်ချရလေလေပဲပါ..။ အများအားဖြင့် watt 350, 400 ဆိုရင် လုံလောက်ပါတယ်.။င်္Floppy Drive, DVD/CD Drive နဲ့ Monitor တွေကိုတော့ မိမိစိတ်ကြိုက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလို့ရပါတယ်။ အဓိကအားဖြင့် motherboard, processor,RAM, VGA card ကိုက်ညီမှု ရှိမယ်ဆိုရင် အဆင်ပြေ ကောင်းမွန် သွက်လက်သော ကွန်ပျုတာ တစ်လုံးကို ရရှိမှာဖြစ်ပါတယ်.။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်