Tuesday, November 27, 2012

အသုံးဝင်မယ် ထင်တဲ့ ဆော့ဝဲလ်လေးတွေပါ


aTube_Catcher


Youtube တွင် တင်ထားသော သီချင်းဖိုင်များကို ဒေါင်းလုပ် လုပ်ရာတွင် မိမိစိတ်ကြိုက် ဖော်မက်ဖြင့် ဒေါင်းလုပ်
လုပ်ယူသောနေရာတွင် အသုံးပြုသည်။
 
ဖော်မက် မြောက်များစွာဖြင့် သင်တွေ့ရှိနိုင်သည်။
 
လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
 
အင်တာနက်၏ စပိကို အဆ နှစ်ရာတက်စေတယ်လို့ ရေးထားပါတယ်။ စမ်းသုံးကြည့်ပါ။ ပြောသလောက် မဟုတ်လင့်ကစား အတော်အသင့်တော့ တက်လာတာကို တွေ့ရပါတယ်။
လိုအပ်ပါက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။
 
 

To Watch football Match or any sport from Internet


မသိသေးသောသူများအားလုံးအတွက် ရည်ရွယ်ပါတယ်။
အင်တာနက် စပိကောင်းပါတယ်ဆိုရင် ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ ဘိလိယက်ပွဲ...စသည်ဖြင့် အားကစားပွဲပေါင်းစုံကို
အင်တာနက်မှ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ ကော်နက်ရှင် အမျိုးအစားက အရမ်း..အရမ်းကြီး မဟုတ်တောင် အလယ်အလတ်လောက်ဆိုလျှင် ကြည့်လို့ ရပါတယ်။
 
ဒီလင့်ကလေးကို သွားလိုက်ပါ။
ပြီးလျှင် ကိုနှစ်သစ်ရာ ပွဲကို ရွေးခြယ်ပါ။
နှစ်သက်ရာပွဲဟူသည်..ဘောပွဲ၊ တင်းနက်ပွဲ.. စသည်ဖြင့် ထုတ်လွင့်သော လိုင်းပေါင်း မြောက်များစွာကို သင်တွေ့ရပါလိမ့်မယ်။
၎င်းတို့ထဲမှာ ကျနော့် အတွေ့အကြုံအရ.. Ilive သည် ကြည်လင်ပြတ်သားမှု့ အကောင်းဆုံးနှင့် ကျသွားလျှင် အော်တို ချက်ချင်း ပြန်ခေါ်ပေးပါတယ်။ မိမိအိမ်ရှိ တီဗွီမှ ကြည့်ရသလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
ကဲ.. ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ တီဗွီလိုင်းက မလွင့်ခဲ့ရင်တောင် ကျနော်များ ဘောပွဲ..အားကစားပွဲ တစ်ခုခုကို ၂၄ နာရီ ကြည့်လို့ရပါတယ်။
 
ဓာတ်ပုံ သေးသေးလေးများကို ပုံကြီး ချဲ့ရာတွင် အရည်အသွေး ကျမသွားသော ဆော့ဝဲလ် 

မိမိ၏ ဖုန်းနှင့် ရိုက်ထားပြီး ဖုန်းထဲတွင် ကြည်လင်ပြတ်သားစွာ မြင်ရလင့်ကစား ဓာတ်ပုံအဖြစ် ပရင့်ထုတ်သောအခါ ရီဆိုလူးရှင်း ကျသွားသည်များကို တွေ့ဖူးကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ယခု ဆော့ဝဲလ်ကလေးက သေးနေသော ပုံများကို ပုံကြီးချဲ့ရာတွင်
ရီဆိုလူးရှင်း ကျမသွားအောင် ထိန်းပေးပါတယ်။ 
ပထမဦးစွာ အင်စတောလုပ်ပါ။ ခရက်ဖိုင်ကို ရမ်းလိုက်ပါ အဆင်ပြေပါလိမ့်မည်။ အကယ်၍ ခရက်ဖိုင် မဖြေတတ်ခဲ့လျှင်...
အင်တာနက် ကော်နက်ရှင်ကို လုံးဝ ပိတ်ထားပြီး ဖိုင်ထဲတွင် ပေးထားသော.. အန်လေ့ကုဒ် ကို ထည့်ပါ။
အမည်နှင့် အီးမေးလိပ်စာကို အထဲတွင် ပါသည့်အတိုင်း ဖြည့်လိုက်ပါ။

ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်