Tuesday, May 15, 2012

လက်သည်းအလှပြင်နည်း

Water Marble Nail Art လို့ ခေါ်တဲ့ ရေကျောက် လက်သည်းအလှပြင်နည်း
ဒီနည်းဟာလည်း ပျိုမေတို့အတွက် အိမ်မှာ အလွယ် ဆိုးနိုင်တဲ့ လက်သည်းဆိုးနည်းတစ်ခုပါပဲ။ စိတ်ကြိုက် ဒီဇိုင်းကိုရေမှာဆွဲပြီး လက်သည်းပေါ်တင် တဲ့ နည်း ပါ။

အဆင့်၁) ။ ။ လက်သည်းဘေးက အရောင် ဆိုးဖို့မလိုအပ်တဲ့ အသားတွေ ကို tape ဖြင့် ကပ်ထားခြင်းဖြင့် ကာကွယ်ထားပါ။

အဆင့်၂) ။ ။လက်ဖက်ရည်ခွက် အသေး သို့ ဖန်လုံး တစ်ခွက်ကိုယူပြီး သန့်စင်သောရေ ကို ထည့်ပြီး လက်သည်းအရောင် တစ်မျိုးစီကို ဖန်လုံးခွက် အလယ်သို့ အစက်ချပါ။ လက်သည်းဆေးတွေ က အလယ်ကနေ ဘေးကို ပြန့်သွားတာ တွေ့ပါလိမ့်မယ်။ နောက်တစ်ရောင် ကို ယူပြီး အလယ်သို့ တစ်စက် ထပ်ချပါ။ ဘေးကို ပြန့်သွားပါလိမ့်မယ်။ နှစ်သက်ရာ အရောင်ကို ရွေးပြီး ရေဖန်ခွက်ထဲကို ကိုယ်နှစ်သက်ရာ အဆင်ပေါ်တဲ့ အထိ အစက်ချသွားရမှာဖြစ်ပါတယ်။ အောက်က ပုံမှာဆိုရင် နှစ်ရောင်ထဲသုံးပြီး တစ်လှည့်စီ အများကြီး ချထားတာပါ။

အဆင့် ၃) ။ ။ ဖန်လုံးထဲက နှစ်သက်ရာ အကွင်းလေးတွေ ပေါ်နေပြီဆိုရင် သွားကြားထိုးတံ ဖြစ်ဖြစ် အပ်ချောင်းဖြစ်ဖြစ် အဲဒီ အဆင်ကို ထပ် ပြီး ပြောင်းလို့ရပါသေးတယ်။ ဒီဇိုင်းလေးတွေ ဆန်းကြည့်ပေါ့နော်။

အဆင့်၎) ။ ။ လက်သည်းတစ်ချောင်းချင်းစီကို ရေထဲ နှစ်ချ ပြီး ရေပေါ် ပေါ်နေတဲ့ ပုံဖော်ထားတဲ့ လက်သည်းရောင်ဖတ် ကို ကိုယ့်လက်သည်း ပေါ်ကပ်အောင် ဆယ်ယူရတဲ့ အဆင့်ဖြစ်ပါတယ်။ရေပေါ်က လက်သည်းရောင် ဖတ်လေးကို လက်သည်းပေါ် ပြန့်ပြန့်လေး တင်ပြီးသွားရင် ဘေးဘက်က အဖတ်တွေကိုတော့ သွားကြားထိုးတံ တို့ အပ်ချောင်းထိပ် တို့နဲ့ သပ်ချပေးရပါတယ်။

ကျန်တဲ့ လက်သည်း တစ်ချောင်းချင်းစီတွေကို လည်း အပေါ်က အဆင့်၎ဆင့်အတိုင်း အစအဆုံးပြန်လုပ်သွားရမှာ ဖြစ်ပါတယ်။နောက်ဆုံး ဒီလို လက်သည်းမျိုးလေးတွေကိုရမှာပါ။

ကိုယ်နှစ်သက်ရာအရောင်တွေစပ်ပြီး နှစ်သက်ရာအဆင်တွေနဲ့ water marble art ကို စမ်းကြည့်နိုင်ပါတယ်။မေးလ်ထဲတွေ.လို.ကူးယူတင်ပြပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်