Thursday, May 3, 2012

Adobe Photoshop အခြေခံသင်ခန်းစာ(၁)



အခုတင်ပြမယ့်သင်ခန်းစာလေးကတော့ ကွန်ပျူတာသင်တန်းတွေမှာ စတင်သင်ကြားပေးတဲ့ Selection လုပ်တဲ့သင်ခန်းစာလေးပါ။ အခြေခံကနေပြီး တစ်ဆင့်ပြီးတစ်ဆင့် အချိန်ပေးပြီး တင်ပြသွားပါမယ်။ အခြေခံရပြီးသူများအတွက် တော့ Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်းများကို သီးသန့်တင်ပြပေးပါမယ်။
အခုသင်ခန်းစာမှာ Selection Tool တွေအကြောင်း အရင်ရှင်းပြပါမယ်။
(1) Rectangle Marquee Tool(လေးထောင့်ပုံရှိသောအရာဝတ္ထုများကို Select လုပ်ရန်)
(2) Elliptical Marquee Tool(အ၀ိုင်းပုံ၊ ဘဲဥပုံ ရှိသောအရာဝတ္ထုများကို Select လုပ်ရန်)
(3) Single Row Marquee Tool(အလျားလိုက်မျဉ်းတစ်ခုကို ဖြတ်ထုတ်ရန်)
(4) Single Row Marquee Tool(ဒေါင်လိုက်မျဉ်းတစ်ခုကို ဖြတ်ထုတ်ရန်)
(5) Lasso Tool(မညီညာသောပုံများကို Select လုပ်ရန်)
(6) Polygonal Lasso Tool (မညီညာသော်လည်း အနားသတ်တစ်ဖြောင့်တည်းရှိလျှင် Select လုပ်ရန်)
(7) Magnetic Lasso Tool(မညီညာသောပုံများအတွက် အနားသတ်အရောင်တူရာကို Select လုပ်ရန်)
(8) Quick Selection Tool(ပုံများကို မြန်ဆန်စွာ Select လုပ်ရန်)
(9) Magic Wand Tool(အရောင်တူရာကို ရွေးချယ် Select လုပ်ရန်)
ကြိုပြောထားရဦးမယ် ဒီသင်ခန်းစာက ကွန်ပျူတာသင်တန်းတွေမှာ သင်တဲ့သင်ခန်းစာများ ဖြစ်ပါတယ်။
ကျွန်တော်က သူတို့ သင်တာနဲ့တော့ တူချင်မှတူမယ် Selection လုပ်တတ်ဖို့နဲ့ Selection Tool တွေ သုံးတတ်ဖို့အတွက် ဆွေးနွေးပေးတာဖြစ်ပါတယ်။ မိမိကိုယ်တိုင်လေ့ကျင့်ရင်ရနိုင်ပါတယ်။
အထက်မှာရှင်းပြထားတဲ့ Selection Tool တွေကို သေသေချာချာသိထားဖို့လိုအပ်ပါတယ်။
ပုံ(၁) အောက်ဖော်ပြပါပုံသည် စတင်လေ့ကျင့်ရမည့်ပုံဖြစ်သည်-
ပုံ(၂) အောက်တွင်ဖော်ပြထားသောပုံသည် Selection Tool များကို အသုံးပြုပြီး နေရာရွှေ့ထားသည့် နောက်ဆုံးရလဒ်ပုံဖြစ်သည်။
ဤသင်ခန်းစာကို လက်တွေ့လေ့ကျင့်နိုင်ရန်အတွက် ပုံ(၁)ကို သင်၏စက်ထဲကို အရင်ကူးတင်ပြီး လေ့ကျင့်စေလိုပါသည်။
အဆင့်(၁)
ပုံ(၁)ကို သင့်ကွန်ပျူတာထဲကို ကူးတင်ပြီးပါက Adobe Photoshop သုံးပြီးဖွင့်လိုက်ပါ။
အကြိမ်ကြိမ် ပြန်လေ့ကျင့်နိုင်အောင် ဒါမှမဟုတ် မှားရင်လည်းပြန်သုံးလို့ရအောင် Image Menu က Duplicate… ကိုရွေးလိုက်ပါ။
အောက်ပါအတိုင်း Dialog Box ကျလာပါမယ်။
As: နောက်မှာ MyWork01 လို့ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။
MyWork01 နံမည်နဲ့ စောစောကပုံကိုပွားထားတဲ့ ဖိုင်လေးပေါ်လာပါမယ်။ဒါဆိုသင်ခန်းစာစတင် လို့ရပါပြီ။
အဆင့်(၂)
Tool box က Elliptical Marquee Tool ကို ရွေးချယ်ပါ။ ဘဲဥပုံလေးကို စာအုပ်ပေါ်ကို နေရာရွှေ့မှာ ဖြစ်တဲ့အတွက် ဒီ Tool ကို သုံးရတာဖြစ်ပါတယ်။ စက်ဝိုင်းပုံ Select လုပ်ချင်ရင် Shift Key ကို သုံးပြီး ဆောင်ရွက်ရပါတယ်။
ဘဲဥပုံအတိုင်း Select ဖြစ်သွားအောင် ဘယ်ဖက် အပေါ်ဒေါင့်ကနေ ကန်လန့်ဖြတ်ကလေး အောက်ကို ဆွဲချလိုက်ပါ။ အဲဒီလိုဆွဲလိုက်တဲ့အခါ ပုံပေါ်ကို တစ်ထပ်တည်းမကျနိုင်ပါဘူး။ တစ်ထပ်တည်းကျအောင် Keyboard က Space Bar လေးကို နှိပ်ထားပြီးနေရာရွှေ့နိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဘဲဥပုံလေးအတိုင်း Select ဖြစ်သွားအောင် Select လုပ်ပါ။
Select မှတ်ထားတဲ့ ဘဲဥပုံလေးကို စာအုပ်ပေါ်ကို နေရာရွှေ့ဖို့အတွက် Tool box က Move Tool ကိုရွေးလိုက်ပါ။
ဘဲဥပုံလေးကို ဆွဲယူပြီး စာအုပ်ပေါ်မှာ အောက်ပါအတိုင်း နေရာချလိုက်ပါ။
Select မှတ်ထားတာပြန်ဖျက်ဖို့ အတွက် Ctrl + D နှိပ်ပြီး Deselect လုပ်ပေးပါ။
အဆင့်(၃)
ကမ္ဘာလုံးပုံကို ဖြတ်ထုတ်ယူပြီး နေရာရွှေ့မှာဖြစ်ပါတယ်။
Tool box က Elliptical Marquee Tool ကို ရွေးချယ်ပါ။ စက်ဝိုင်းပုံ Select လုပ်မှာ ဖြစ်တဲ့အတွက် Shift Key ကို သုံးပြီး ဆောင်ရွက်ရပါတယ်။
Shift Key ကို နှိပ်ထားပြီး Select လုပ်ပါ။ နေရာအတိအကျ Select လုပ်နိုင်ရန် Space Bar ကိုလည်း နှိပ်ထားပြီး ရွှေ့ပေးပါ။ အောက်ပါအတိုင်း ရရှိရန်ဆောင်ရွက်ပါ။
Select မှတ်ထားတဲ့ ကမ္ဘာလုံးပုံကို စာအုပ်ပေါ်ကို နေရာရွှေ့ဖို့အတွက် Tool box က Move Tool ကိုရွေးလိုက်ပါ။
ကမ္ဘာလုံးပုံကို ဆွဲယူပြီး စာအုပ်ပေါ်မှာ အောက်ပါအတိုင်း နေရာချလိုက်ပါ။
ကမ္ဘာလုံးပုံကို အရောင်ပြောင်းဖို့အတွက် Ctrl + I ကိုနှိပ်ပြီး Invert လုပ်လိုက်ပါ။
အောက်ပါအတိုင်း အရောင်ပြောင်းသွားပါမယ်။
ကမ္ဘာလုံးပုံကို အရွယ်ပမာဏပြောင်းဖို့အတွက် Edit menu က Free Transform ကိုရွေးပေးပါ။ Keyboard က သုံးချင်ရင်တော့ Ctrl + T ကိုနှိပ်နိုင်ပါတယ်။
Bounding box ကလေးနဲ့ အောက်ပါအတိုင်းပေါ်လာပါမယ်။
Keyboard က Shift Key ကို နှိပ်ထားပြီး Handle လေးတွေကနေ ပုံအချိုးအစားမပျက်အောင် ဆွဲချဲ့လိုက်ပါ။ အောက်မှာပြထားတဲ့အနေအထားအတိုင်းဖြစ်အောင် လုပ်ပေးပါ။
စိတ်တိုင်းကျအရွယ်အစားရပြီဆိုရင် Enter Key ကိုနှိပ်ပါ။
Keyboard က Ctrl နဲ့ Alt Key ကို တွဲနှိပ်ထားပြီး ကမ္ဘာပုံလေးကို နောက်တစ်ခုပွားယူပါမယ်။ Duplicate လုပ်တာဖြစ်ပါတယ်။ အောက်မှာပြထားတဲ့အတိုင်း ညာဖက် အောက်ထောင့်ကို ပွားယူလိုက်ပါ။
အရွယ်အစားသေးဖို့အတွက် Ctrl + T ကိုနှိပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမယ်။
Keyboard က Shift Key ကို နှိပ်ထားပြီး Handle လေးတွေကနေ ပုံအချိုးအစားမပျက်အောင် ဆွဲချုံ့လိုက်ပါ။ Keyboard က Arrow Key လေးတွေသုံးပြီး နေရာရွှေ့ပေးပါ။အောက်မှာပြထားတဲ့ အနေအထားအတိုင်းဖြစ်အောင် လုပ်ပေးပါ။
စိတ်တိုင်းကျအရွယ်အစားရပြီဆိုရင် Enter Key ကိုနှိပ်ပါ။
Keyboard က Ctrl နဲ့ Alt Key ကို တွဲနှိပ်ထားပြီး ကမ္ဘာပုံလေးကို နောက်တစ်ခုပွားယူပါမယ်။ အောက်မှာပြထားတဲ့အတိုင်း ညာဖက် အောက်ထောင့်ကို ထပ်ပွားယူလိုက်ပါ။
Keyboard က Shift Key ကို နှိပ်ထားပြီး Handle လေးတွေကနေ ပုံအချိုးအစားမပျက်အောင် ဆွဲချုံ့လိုက်ပါ။ Keyboard က Arrow Key လေးတွေသုံးပြီး နေရာရွှေ့ပေးပါ။အောက်မှာပြထားတဲ့ အနေအထားအတိုင်းဖြစ်အောင် လုပ်ပေးပါ။
စိတ်တိုင်းကျအရွယ်အစားရပြီဆိုရင် Enter Key ကိုနှိပ်ပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပေးပါ။
အဆင့်(၄)
နံပါတ် 5 ဂဏန်းလေးကို ဖြတ်ထုတ်ပြီး စာအုပ်ပေါ်မှာ နေရာရွှေ့မှာဖြစ်ပါတယ်။
Tool Box က Magic Wand Tool ကို ရွေးလိုက်ပါ။
ဘားပေါ်က Tolerance တန်ဖိုးကို 45 ထားလိုက်ပါ။မိမိစိတ်ကြိုက် တန်ဖိုးတစ်ခုခုပေးပြီး စမ်းကြည့် နိုင်ပါတယ်။
5 ပေါ်မှာ တစ်ချက် Click လုပ်ပါ။ 5 ရဲ့ အစိတ်အပိုင်း အချို့ Select ဖြစ်သွားပါမယ်။
Shift Key နှိပ်ထားပြီး Select မှတ်ဖို့ကျန်တဲ့အစိတ်အပိုင်းတွေကို Click ဆက်လုပ်သွားပါ။ အောက်ပါ အတိုင်း Select ဖြစ်သွားအောင် လုပ်ပါ။
Move tool ကိုသုံးပြီး Select လုပ်ထားတဲ့ 5 ကို စာအုပ်ပေါ်မှာ အောက်ပါအတိုင်းနေရာချပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၅)
ပန်းပွင့်ပုံလေးကို စာအုပ်ပေါ်မှာ နေရာချထားမှာဖြစ်ပါတယ်။
Rectangular Marquee Tool ကို ရွေးလိုက်ပါ။
ပန်းပွင့်ပုံလေးကို အောက်မှာပြထားတဲ့အတိုင်း Select လုပ်လိုက်ပါ။
Magic Wand Tool ကို ရွေးလိုက်ပါ။
Keyboard က Alt Key ကို နှိပ်ထားပြီး ပန်းပွင့်ဘေးက အဖြူကွက်မှာ Click လုပ်လိုက်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်။
Move Tool ကိုရွေးပြီး ပန်းပွင့်ပုံကို စာအုပ်ရဲ့ ညာဖက်အောက်ခြေမှာ အောက်ပါပုံအတိုင်း နေရာချလိုက်ပါ။
Ctrl + D ကိုနှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၆)
သော့ပုံလေးကို Select လုပ်ပြီး စာအုပ်ပေါ်မှာနေရာချမှာဖြစ်ပါတယ်။
Zoom Tool ကို ရွေးပါ။
သော့ပုံကို Click လုပ်ပြီး 300% အထိ ချဲ့လိုက်ပါ။
Magnetic Lasso Tool ကိုရွေးပါ။
သောပုံဘေးတစ်နေရာမှာ Click လုပ်ပြီး သော့ပုံလေးအတိုင်း Mouse ကို ဆွဲသွားပါ။ စတဲ့နေရာရောက်ရင် Click လုပ်လိုက်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်။
Hand Tool ကို Double Click လုပ်ပါ။ Fit on Screen ဖြစ်သွားပါမယ်။
Move Tool ကို Click လုပ်ပြီး သော့ပုံလေးကို အောက်ပါအတိုင်းနေရာရွှေ့ပေးပါ။
Ctrl + D ကိုနှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၇)
ဖောင်တိန်ပုံလေးကို Select လုပ်ပြီး နေရာချပါမယ်။
Zoom Tool ကို ရွေးပါ။
ဖောင်တိန်ပုံကို Click လုပ်ပြီး 200% အထိ ချဲ့လိုက်ပါ။
Polygonal Lasso Tool ကို Click လုပ်ပါ။
ဖောင်တိန်ပုံကို အောက်ပါအတိုင်း Select လုပ်ပါ။
Hand Tool ကို Double Click လုပ်ပါ။ Fit on Screen ဖြစ်သွားပါမယ်။
Move Tool ကို Click လုပ်ပြီး ဖောင်တိန်ပုံလေးကို အောက်ပါအတိုင်းနေရာရွှေ့ပေးပါ။
Keyboard မှ Ctrl + T ကို နှိပ်ပြီး Free Transform လုပ်ပါ အောက်ပါအတိုင်း Boundary Box ပေါ်လာပါမည်။
ဘယ်ဖက် အပေါ်ထောင့် Handle မှ အပေါ်ကို အောက်ပါတိုင်းဆွဲလှည့်လိုက်ပါ။
Keyboard မှ Arrow Key ကိုသုံးပြီး အောက်ပါအတိုင်း နေရာရွှေ့ပေးပါ။
Enter Key ကို နှိပ်ပါ။
Ctrl + D ကို နှိပ်ပါ။
Crop Tool ကိုရွေးပါ။
အောက်ပါအတိုင်း ဘယ်ဖက်အပေါ်ထောင့်မှ ညာဖက်အောက်ထောင့်ကို ကန့်လန့်ဆွဲလိုက်ပါ။
စိတ်တိုင်းကျမဖြစ်ရင် ဆွဲပြီးလိုသလို ချုံ့နိုင်၊ ချဲ့နိုင်ပါတယ်။
Enter Key ကို နှိပ်ပါ။
အခု Photoshop အခြေခံဖြစ်တဲ့ Selection ကို တင်ပြလို့ပြီးပါပြီ..။။။
သင်တန်းကျောင်းတွေမှာ သင်တာနဲ့တူချင်မှတူမယ်လို့အပေါ်မှာလည်းရေးခဲ့ပြီးပါပြီ။ ပုံတွေ အနားသတ် မညီတာတွေလည်းရှိနိုင်ပါတယ်။ အလွယ်တကူလုပ်နိုင်အောင်၊ အခက်အခဲမရှိအောင် စီစဉ်ရေးသားထား ခြင်းဖြစ်ပါတယ်။ဒီသင်ခန်းစာတွေကို မှန်မှန်လေ့ကျင့်ရင်း Tool တွေ၊ Menu တွေကို ကောင်းကောင်း သုံးတတ်သွားရင် ကျွန်တော် ရေးသားနေတဲ့ ဒီဇိုင်းလုပ်နည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက် သွားမယ်ဆိုတာ ယုံကြပါတယ်။
http://www.aktnml.blogspot.com/
နည်းပညာကြွယ်ဝနိုင်ကြပါစေ

ကိုရင်ကျော်
(၂-၁၂-၂၀၁၁)(၁၄း၅၀)နာရီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါတယ်..အားပေးမူ.ကပီတိကိုဖြစ်စေပါတယ်